Posts

Showing posts from August, 2026

မရဏတံခါးစီမံကိန်း - ၂

Image
  အခန်း ၂ ဂိုလမ်သည် သူ၏ အနက်ရောင် ဝတ်ရုံရှည်၏ အစွန်းများကို ကပရိုဗာ လမ်းမပေါ်ရှိ ညစ်ပတ်နေသော နှင်းများပေါ်တွင် တရွတ်တိုက်ဆွဲလျက် နှင်းထုကြားထဲတွင် တရွေ့ရွေ့ လျှောက်လှမ်းလာ၏။ ဝတ်ရုံအောက်တွင် ဖုံးကွယ်ထားသော သူ၏ ဧရာမ ဖိနပ်ကြီးများမှာ အလွန်လေးလံသဖြင့် ခြေထောက်ကို မနည်း ကြိုးစား၍ မ , နေရသည်။ သူ၏ မျက်နှာနှင့် ဦးခေါင်းခွံပေါ်ရှိ ထူထဲသော ရွှံ့စေးလွှာသည် အေးစက်သောလေကြောင့် တင်းကျပ်လာသည်။ “ ငါ အိမ်ပြန်ရောက်မှ ဖြစ်မယ်” “ အီသာစွမ်းအင်တွေ စုဝေးလာနေပြီ” အီသာ စွမ်းအင်များ သူ၏အပေါ် လွှမ်းမိုးသွားမည်ကို စိုးရိမ်သဖြင့် ဂိုလမ်သည် အိတ်ကပ်ထဲသို့ နှိုက်၍ သူ အချိန်တိုင်း ဆောင်ထားလေ့ရှိသော သတ္တုချောင်းလေးကို ဆုပ်ကိုင်လိုက်သည်။ ထိုအရာဝတ္ထုကို ဦးခေါင်းဆီသို့ မြှောက်လိုက်ပြီး ခြောက်သွေ့နေသော ရွှံ့စေးပြင်ပေါ်တွင် ဖိကပ်ကာ စက်ဝိုင်းငယ်လေးများသဖွယ် ပွတ်သပ်လိုက်၏။ “ အခု မဟုတ်သေးဘူး” ။ သူသည် မျက်လုံးများကို မှိတ်ကာ စိတ်ထဲမှ ရေရွတ်လိုက်သည်။ အီသာ စွမ်းအင်များ ကွဲပြားလွင့်စင်သွားသည်။ အနည်းဆုံးတော့ ယခုအချိန်အတွက် အဆင်ပြေသွား၏။ သတ္တုချောင်းကို အိတ်ကပ်ထဲ ပြန်ထည့်ပြီး သူ ဆက်လက် ထွက်ခွာလာခဲ့လေသည်။ “ နောက်ထပ...

အပယ်ခံတို့ နှလုံးသား - အပိုင်း၁၊ အတွဲ၁၊ အခန်း၁၊

Image
Les Misérables by Victor Hugo Translated into English by Christine Donougher, 2005, Penguin Classics Edition အပယ်ခံတို့ နှလုံးသား သက်ပိုင် ( စတင် ဘာသာပြန်သည့်နေ့ ၂၃/၆/၂၀၂၆)   အပိုင်း ၁ ဖန်တင်း အတွဲ ၁ သူတော်ကောင်းတစ်ဦး အခန်း ၁ မွန်ဆီယာ မာရီယယ်လ် ‘ ချားလ်စ်-ဖရန်ဆွာ-ဘျန်ဗနျု မာရီယယ်လ် ’ သည် ၁၈၁၅ ခုနှစ်တွင် ဒိညမြို့၏ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဖြစ်လာခဲ့၏။ သူသည် အသက် ၇၅နှစ်ခန့်ရှိပြီဖြစ်သော အဘိုးအိုတစ်ဦးဖြစ်ပြီး ၁၈၀၆ ခုနှစ်ကတည်းကပင် ဒိညမြို့၏ ဂိုဏ်းအုပ်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်လေသည်။ ကျွန်ုပ်တို့ ဆက်လက်ပြောပြမည့် အကြောင်းအရာများ၏ အဓိကအနှစ်သာရကို တစ်စုံတစ်ရာ ထိခိုက်စေမည်မဟုတ်သော်လည်း၊ အချက်အလက်တိုင်း တိကျမှန်ကန်စေရန်အလို့ငှာ ဤသာသနာပိုင်နယ်မြေသို့ သူ ရောက်ရှိလာချိန်က သူနှင့်ပတ်သက်၍ ပျံ့နှံ့နေခဲ့သော ကောလာဟလများနှင့် အတင်းအဖျင်းစကားများကို ဤနေရာတွင် ထည့်သွင်းပြောပြသင့်ပေသည်။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ လူတစ်ယောက်အကြောင်း ပြောဆိုနေကြသည့် စကားများသည် ထိုသူ၏လုပ်ရပ်များနည်းတူ သူ၏ဘဝ၊ အထူးသဖြင့် သူကြုံတွေ့ရမည့် ကံကြမ္မာအပေါ်တွင် ကြီးမားစွာ လွှမ်းမိုးနေတတ်ပေသည်။ ...

ဒေါ်အောင်ဆန်းစုကြည် အကြိုက်ဆုံး တော်လှန်ရေး ဝတ္ထုတစ်ပုဒ်

Image
Les Misérables သို့မဟုတ် အာဏာရှင်ကို ဆတ်ဆတ်တုန်စေခြင်း  ဇွန် ၁၉၊ ၂၀၂၅ ရက်စွဲနဲ့ BBC က တင်ထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကျနေစဥ်အတွင်း ဖတ်တဲ့ စာအုပ်တွေကို ပြောပြထားပါတယ်။ သူက Victor Hugo ရဲ့  'Les Misérables'  ကို တစ်ခေါက်ပြန်ပြီး တောင်းဆိုသတဲ့။ ဒီစာအုပ်ကို သူ ဘာကြောင့် သိပ်ကြိုက်ရတာပါလဲ။ ‌ဆောင်းပါးဖတ်ရန် - https://www.bbc.com/burmese/articles/cy 8 d 86 z 725 do “ ၁၈၆၂ ခုနှစ်က ပြင်သစ်စာရေးဆရာ Victor Hugo - ဗစ်တာဟူးဂိုး ရေးတဲ့  'Les Misérables'   ဆိုတဲ့ ပြင်သစ်ဝတ္တုက ဒေါ်အောင်ဆန်းစုကြည် အကြိုက်ဆုံးစာအုပ်တစ်အုပ်ဖြစ်သလို ဒီတစ်ကြိမ် အကျဥ်းစံဘဝမှာ ထပ်မှာတဲ့ စာအုပ်ထဲ ပါဝင်ပါတယ်။ ဒီစာအုပ်က သူ့ရဲ့ အကျဥ်းကျခြင်း ချုပ်နှောင်ခံရခြင်းအကြိမ်ကြိမ်ကို ကျော်လွှားနိုင်ဖို့ စိတ်ခွန်အားပေးတဲ့ စာအုပ်တွေထဲမှာ မပါမဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သူ့နဲ့ အနီးကပ်နေထိုင်ခဲ့ဖူးသူတစ်ဦးကို ပြောပြဖူးပါတယ်။ အဲဒီစာအုပ်ထဲမှာ Jean Valjean လို့ခေါ်တဲ့ ထောင်ထွက်ဇာတ်ကောင်ရဲ့ နှိပ်စက် ညှဥ်းပန်းခံရမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့ပုံကို ဖော်ကျူးထားတ...

နိရယဘုံ ရီဗျူး

Image
  နိရယဘုံ ရီဗျူး ဆရာစိုးဘားဒိုင်၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ကူးယူးဖော်ပြပါသည်။ သက်ပိုင်(ဘာသာပြန်)... နိရယဘုံ ===================== DANTE ALIGHIERI ရဲ့ THE DIVINE COMEDY မှ VOLUME-1 : INFERNO ကို သက်ပိုင်က နိရယဘုံ အမည်နဲ့ဘာသာပြန်ထားတယ်။ The Divine Comedy ( အစ္စရိယရကန်-စကားပြေ )ကို A.S.Kline ရဲ့ အင်္ဂလိပ် ဘာသာပြန်ကနေ ပြန်ဆိုထားတာဖြစ်ပါတယ်။ ခရစ်ယန်မော်ကွန်းကဗျာရှည်ကြီးဖြစ်လို့ ကဗျာဟာ ခရစ်ယန်ဘာသာရဲ့ လွှမ်းခြုံမှု အပြည့်ဖြစ်ပါတယ်။နိရယဘုံကတော့ ငရဲဘုံ ပေါ့။ခရစ်ယန်တစ်ယောက် သေလွန်ပြီးတဲ့နောက် ဘယ်ဘုံဘဝကို ရောက်ရှိနေသလဲဆိုတာထဲက ငရဲဘုံအကြောင်း ရေးဖွဲ့ထားတာလို့ဆိုရမှာပါ။ငရဲဝန်း ၉ ဝန်းပါတယ်။ဒီငရဲဝန်းတွေမှာ ငရဲခံနေကြရသူတွေဟာ မသေလွန်မီလူ့ဘဝတုန်းက ဘာတွေကျူးလွန်ခဲ့သလဲဆိုတာနဲ့ အဲဒါရဲ့အကျိုးဆက်အဖြစ် ငရဲဝန်းအသီးသီးမှာ ကျရောက်ငရဲခံနေရတာတွေကို ဖွဲ့ပါတယ်။ ဒီစာအုပ်မှာ ကဗျာရေးသူဒန္တေကိုယ်တိုင်ငရဲခန်းတွေကို လေ့လာခွင့်၊စုံစမ်းမေးမြန်းခွင့်ရသူအဖြစ်ပါဝင်ပါတယ်။သူ့ကို ငရဲဘုံတွေဆီလိုက်ပို့ပေးရသူကတော့ ရောမကဗျာဆရာအကျော် ဗာဂျယ်လ်ဖြစ်ပါတယ်။ဒန္တေဟာ ဗာဂျယ်လ်ရဲ့အက်ဏီးယဒ်မော်ကွန်းကဗျာရှည်ကြီးကို အထူးလေ့...

လူစီဖာ ပါးစပ်ထဲက ငရဲသား ၃ ယောက်

Image
  လူစီဖာ ပါးစပ်ထဲက ငရဲသား ၃ ယောက် ဒန္တေရဲ့ နိရယဘုံ ခရီးစဥ်အဆုံးမှာ ရေတွေခဲနေတဲ့ မြစ်ပြင်ကျယ်ကြီးဆီကို ရောက်လာခဲ့ပြီး လေတွေလဲ အင်မတန် တိုက်ခတ်နေတာကို တွေ့လိုက်ရပါတယ်။ ဘာကြောင့် လေတိုက်ခတ်နေရသလဲလို့ ဒန္တေကမေးတော့ ဗာဂျယ်လ်က သူ့ကို မကြောက်ဖို့ ပြောပြီး ဆေတန် တဖြစ်လဲ လူစီဖာကို လှမ်းကြည့်ဖို့ ပြောလိုက်တယ်။ လူစီဖာရဲ့ အဆင်းသဏ္ဌာန်ဟာ နီမြန်းသော မျက်နှာရှိပြီး ခေါင်း ၃ လုံးရှိတယ်လို့ ဒန္တေက တွေ့လိုက်ရပါတယ်။ သူ့ရဲ့ အတောင်ပံကြီးတွေက လှုပ်ခတ်နေတာမို့ လေပြင်းတိုက်ကာ အနားမှာရှိတဲ့ မြစ်ရေတွေပါ အေးခဲကုန်တာ ဖြစ်ပါတယ်။   ဒန္တေမတိုင်ခင်က လူစီဖာ ခေါ် ဆေတန်ရဲ့ အသွင်ကို အမျိုးမျိုး ဖော်ပြချက်တွေရှိခဲ့ပေမဲ့ နီမြန်းတဲ့ မျက်နှာနဲ့ ခေါင်း ၃ သုံးအသွင်ကတော့ ဒန္တေဖန်တီးခဲ့တဲ့ လူစီဖာရဲ့ ပုံရိပ်ပဲဖြစ်ပါတယ်။ လူစီဖာရဲ့ ခေါင်း ၃ လုံးဟာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဥ်ဆိုတဲ့ သုံးပါး တစ်ဆူ ဝါဒကို ဆန့်ကျင်နေကြောင်း ဖော်ပြချက်ဖြစ်သလို ၃ ဂဏန်းဟာ ဒန္တေအတွက် အတော်လေး အလေးထားရတဲ့ ဘာသာရေးဆိုင်ရာ သင်္ကေတ တစ်ခုလဲ ဖြစ်ပါတယ်။ Divine Comedy ကို ၃ ပိုင်းခွဲရေးတာ၊ တစ်ပိုင်းဆီမှာ ၃၃ ပိုဒ်ဆီပါတာ စသဖြင့် ဖြစ်ပါတယ်။...

မရဏတံခါးစီမံကိန်း - ၁

Image
The Secret of Secrets by Dan Brown  မရဏတံခါးစီမံကိန်း  သက်ပိုင် အခန်း ၁ ကုတင်ဘေး စားပွဲပေါ်ရှိ ဖုန်း၏ နှိုးစက်မှ ထွက်ပေါ်လာသော ဂန္ထဝင် ဂီတသံစဉ် ငြိမ့်ငြိမ့်လေးကြောင့် ရောဘတ် လန်ဒန် တစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်နေရာမှ နိုးထလာခဲ့သည်။ စန္ဒယား ပညာရှင် ဂရက်၏ ‘မနက်ခင်း ခံစားချက်’ သီချင်းသည် သာမန် သီချင်းတစ်ပုဒ်ဟု ထင်ရသော်လည်း တစ်နေ့တာကို စတင်ရန်အတွက် အကောင်းဆုံးသော ၄ မိနစ်စာ ဂီတသံစဉ် ဖြစ်သည်ဟု လန်ဒန် အမြဲ ယူဆခဲ့၏။ သစ်သား လေမှုတ်တူရိယာသံများ အရှိန်မြင့်တက်လာသည်နှင့်အမျှ လန်ဒန်သည် သူ မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း ရုတ်တရက် အမှတ်မရနိုင်သေးသည့် မရေရာမှုလေးကို အရသာခံနေမိလေသည်။ “ ဪ ဟုတ်သားပဲ” ။ သူ ပြန်သတိရသွားပြီး တစ်ယောက်တည်း ပြုံးလိုက်သည်။ “မျှော်စင်တစ်ရာ မြို့တော်ကိုး”   မှိန်ဖျဖျ အလင်းရောင်အောက်တွင် လန်ဒန်သည် အခန်း၏ ကြီးမားသော လိပ်ခုံးပုံ ပြတင်းပေါက်ကြီးနှင့် ယင်း၏ ဘေးတစ်ဖက်တစ်ချက်ရှိ ရှေးဟောင်း အက်ဒွပ်ဘုရင်ခေတ် ပုံစံ အဝတ်ဘီရိုနှင့် ကျောက်ဖြူမီးအိမ်တို့ကို လှမ်းကြည့်လိုက်သည်။ ဇိမ်ကျလှသော လက်ရက် ကော်ဇောကြီးပေါ်တွင် ယမန်နေ့ညက ဟိုတယ်ဝန်ထမ်းများ ခင်းကျင်းပေးခဲ့သည့် နှင်းဆီပွင့...