စာရေးသူအကြောင်းနှင့် ဆက်သွယ်ရန်
သက်ပိုင်
သက်ပိုင်သည်
ဘာသာစကားနှင့် စာပေကို စိတ်ဝင်စားသူဖြစ်ပြီး အလွတ်တန်း
အင်္ဂလိပ်စာသင်ကြားသူလည်းဖြစ်သည်။
၂၀၁၈
ခုနှစ်တွင် The Global
New Light of Myanmar အင်္ဂလိပ် သတင်းစာ၏ တနင်္ဂနွေ အချပ်ပို
ကဏ္ဍ တက်သစ်စ စာရေးသူအစီအစဥ်၌ အင်္ဂလိပ်ဘာသာဖြင့် ဝတ္ထုတိုများ စတင် ရေးသားခဲ့ပြီး
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စတင်ကာ ပထမဆုံး ဘာသာပြန်စာအုပ်များကို ရေးသား
ထုတ်ဝေနိုင်ခဲ့ရာ ယခုလက်ရှိတွင် ဘာသာပြန် ဝတ္ထု ဆယ်အုပ်(အတ္ထုပ္ပတ္ထိ နှစ်အုပ် အပါအဝင်) ကို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။
ဂန္ထဝင်စာပေနှင့်
သမိုင်းစာပေကို နှစ်သက်သူဖြစ်ပြီး ဆက်လက်၍ ဟုမ္မာ၏ အိလျဒ်နှင့်
သြဒစ္ဆေမော်ကွန်းများ၊ ဒန္တေ၏ အစ္ဆရိယရကန်စကားပြေ နှင့် ဂေးလ်ဂမက်ရှ်၏
စွန့်စားခန်း မော်ကွန်းကျောက်စာများကို ဘာသာပြန်ရန် အားထုတ်လျက်ရှိကာ
ပင်ကိုယ်ရေးဝတ္ထုများကိုလည်း ရေးသားလျက်ရှိသည်။
ဆရာကြီး မောင်ထင်အောင်နှင့် ဆရာမကြီး ခင်နှင်းယုတို့ကို လေးစားအားကျသောကြောင့် နောင်တွင် ၎င်းတို့ကဲ့သို့ အင်္ဂလိပ်ဘာသာဖြင့် မြန်မာဝတ္ထုများကိုနိုင်ငံတကာ စာဖတ်သူများထံသို့ ကူးပြောင်းပေးနိုင်ရန် ဆန္ဒရှိသည်။
ဆက်သွယ်ရန် - thetpywriter@gmail.com သို့ စာပို့နိုင်သည်။

Comments
Post a Comment