Posts

Showing posts from April, 2026

မအိမ်ကံ - ဇာတ်ဆောင်လေလော ဗီလိန်လော

Image
  ဆရာမ ခင်ခင်ထူးရေးသားတဲ့ မအိမ်ကံ မြန်မာ ဇာတ်လမ်းရှည်ဟာ မြန်မာ့ ကျေးလက် သဘာဝ၊ ယဥ်ကျေးမှု၊ ရိုးရာ၊ ဓလေ့ထုံးတမ်းနဲ့ နိုင်ငံရေး အကူးအပြောင်းကာလကို ဇောင်ချန်းကုန်းရွာသူ မအိမ်ကံရဲ့ ဘဝကို အခြေပြုလို့ အစပ်အဟပ်တည့်အောင် ရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ မအိမ်ကံကို ဖတ်ရတာဟာ အညာဒေသ အထူးသဖြင့် မြင်းခြံမြို့တဝိုက်က ကျေးလက်နေ အညာသူအညာသားတို့ရဲ့ နေထိုင်ပုံ၊ ပြောဆိုပုံ၊ စိတ်နေစိတ်ထားတို့ကို ထိုင်ရာမထ မျက်စိထဲ ကွက်ကွက်ကွင်းကွင်း ဘွင်းဘွင်းရှင်းရှင်း မြင်လာစေလောက်အောင်ကို ဆွဲဆောင်နိုင်စွမ်းရှိတာကိုလည်း ငြင်းမရပါဘူး။ အင်္ဂလိပ်အုပ်စိုးတဲ့ ခေတ်က ရင်ကွဲစရာ အဖြစ်အပျက်တွေ၊ တခါ ဂျပန်အုပ်ပြန်တော့ နိုင်ထက်စီးနင်း ပြုကျင့်ခံခဲ့ရတာတွေနဲ့ နောက်တဖန် အင်္ဂလိပ်ပြန်ရောက်လာပြီး အတုအယောင် လွတ်လပ်‌ရေးအောက်မှာ ဖြူ၊ နီ၊ ကွန် စသဖြင့် လူငယ်နိုင်ငံရေးသမားအုပ်စုတွေ ကွဲကြ၊ ပြဲကြတာကို ဖတ်ရတာကလည်း မျက်မှောက်ခေတ် နိုင်ငံရေးကို တဖန် ပြန်မြင်ယောင်ရစေလောက်အောင် အတွေးတိုးပွားရစေတယ်။ မအိမ်ကံဟာ ဇောင်ချန်းကုန်း ရွာသူကြီး ဦးသာထန်နဲ့ နောက်မိန်းမ ဇနီးသည် မပန်းရုံတို့ကနေ မွေးတဲ့ သမီး၊ ရှေ့အိမ်ထောင်က ကျန်တဲ့ အစ်ကို မြတ်သာကလည်း သူ...

မိခင်သောက နှင့် မိခင်ဒေါသ

Image
  မိခင် သောက နှင့် မိခင် ဒေါသ (သို့မဟုတ်) မဒ္ဒီဒေဝီ နှင့် မဒ္ဒဲရာ ကုန်းဘောင်ခေတ်မှာ မင်းဘူး ဦးသြဘာသ ရေးသားခဲ့တဲ့ ဝေဿန္တရာဇတ်တော်ထဲကနေ ကောက်နှုတ်ထားတဲ့ မိခင်သောက စကားပြေဟာ ဝေဿန္တရာမင်းကြီးတစ်ယောက် သားတော် နဲ့သမီးတော်ဖြစ်ကြတဲ့ ဇာလီနဲ့ ကဏှာဇိန်တို့ကို ဇူဇကာပုဏ္ဏားကြီးထံ အစေခံအဖြစ် လှူဒါန်းလိုက်တဲ့အတွက် မိခင်ဖြစ်သူ မဒ္ဒီဒေဝီ ဘယ်လောက် ပူဆွေးသောက ရောက်ခဲ့ရသလဲဆိုတာကို ရေးဖွဲ့ထားတာပဲ ဖြစ်ပါတယ်။ မဒ္ဒီဒေဝီရဲ့ သားသမီးအပေါ် ချစ်စိတ်၊ သားသမီးတို့ကို မတွေ့ရတဲ့ အတွက် ပင်ပန်း နွမ်းနယ်စိတ်တို့ဟာ မင်းဘူး ဦးသြဘာသရဲ့ အရေးအဖွဲ့တို့ကြောင့် ဖတ်ရှုရသူအပေါင်းကိုလဲ ညှိုးငယ်တသ ဖြစ်စေရတာ အမှန်ပါပဲ။ မဒ္ဒီဒေဝီက တစ်နေ့တော့ သစ်သီးအရှာထွက်တဲ့အချိန်မှာ ဇူဇကာ ပုဏ္ဏားကြီး ရောက်လာပြီး ဇာလီနဲ့ ကဏှာဇိန်ကို အစေခံအဖြစ် သုံးဖို့ရာ ဝေဿန္တရာမင်းကြီးထံ အလှူခံခဲ့ပါတယ်။ မင်းကြီးဟာ အလှူခံပုဂ္ဂိုလ်ကို ငြင်းရက်သူ မဟုတ်လေတာကြောင့် သားနဲ့သမီးကို ချက်ချင်းဆိုသလိုပဲ ရေစက်ချပြီး လှူဒါန်းလိုက်လေတယ်။ ဒါကြောင့် မဒ္ဒီဒေဝီ ကျောင်းသင်္ခမ်းကို ပြန်ရောက်တဲ့အခါ သားသမီးတို့ကို မတွေ့လေတော့ သူမေးတဲ့ ဥပမာတွေက ရင်ကို ထိရှစေလောက်ပါတယ်။ “နွာ...

သြဒစ္ဆေ မော်ကွန်း စကားပြေ ၅

ကဗျာ အတွဲ (၂) လင်္ကာပိုဒ် (၁) မှ (၃၄) ညီလာခံကျင်းပခန်း နှင်းဆီရောင် တောက်ပသော လက်အစုံရှိသည့် မိုးသောက်နတ်သမီး အီးယို့စ် ပေါ်ထွက်လာသည်နှင့်တပြိုင်နက် တယ်လစ်မက္ကပ်စ်သည် အိပ်ရာထက်မှထကာ မိမိကိုယ်ကို ၀တ်စုံပြည့် ၀တ်ဆင်လိုက်သည်။ သူသည် ချွန်ထက်သောဓါးရှည်ကို ပုခုံးတွင်လွယ်၍ ဖြူဖျော့သော ခြေထောက်တွင်လည်း ကြိုးသိုင်းဖိနပ်စီးကာ အဆောင်ထဲမှ နတ်ဘုရားတစ်ပါးကဲ့သို့ တင့်တယ်သော အဆင်းဖြင့် ထွက်လာခဲ့တော့၏။ ထို့နောက် သူသည် ကြည်လင်သောအသံရှိသည့် သံတော်ဆင့်တို့အား အာခီယန်အမျိုးကောင်းသားများကို ညီလာခံတက်စေရန် ကြေညာခိုင်းလေသည်။ သံတော်ဆင့်တို့ကလည်း ကျယ်လောင်သောအသံတို့ဖြင့် နန်းတော်အတွင်း လှည့်လည်ကြေညာပြီး ခဏတွင်းချင်းမှာပင် အာခီယန်သားတို့ ခန်းမအတွင်း၌ စုဝေးလာကြကုန်၏။ ထိုသူများအားလုံး စုံညီသောအခါ တယ်လစ်မက္ကပ်စ်သည် လက်တွင် ကြေးလှံတံကို ကိုင်ဆောင်၍ အမဲလိုက်ခွေးကြီး နှစ်ကောင်ခြံရံလျက် ခန်းမဆောင်တွင်းသို့ လှမ်း၀င်လာလေလျှင် အက်သီနာ နတ်သမီး၏ တန်ခိုးကြောင့် ထွန်းလင်းတောက်ပနေသော သူ့အား ကြင်ယာလောင်းလျာများက အံ့အားသင့်စွာ ငေးကြည့်ကြလေသည်။ မျိုးရိုးမြင့်သူများမှ ပေါက်ဖွားလာသော အစ်သက္ကပြည်သား လူကြီးသူမများကလည်း တယ်လစ်မက...

ဒန္တေ အယ်လီဂီယာရီနှင့် အစ္ဆရိယရကန်

Image
  ဒန္တေ အယ်လီဂီယာရီ ဒန္တေ အယ်လီဂီယာရီကို ၁၂၆၅ ခုနှစ်တွင် ဖလောရင့်စ်မြို့၌ ဖွားမြင်ခဲ့သည်။ ဖခင်ဖြစ်သူ အယ်လီဂီယာရို အယ်လီဂီယာရီမှာ ငွေတိုးချေးလုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူဖြစ်ပုံရပြီး မိခင်မှာ ဘဲလာဖြစ်သည်။ အယ်လီဂီယာရီ မိသားစုသည် အသိုင်းအဝိုင်းကောင်းမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ ဒန္တေ၏ ငယ်ဘဝအကြောင်းအရာ အများစုကို ၁၂၉၃ ခုနှစ်ဝန်းကျင်တွင် သူ ရေးသားပြီးစီးခဲ့သော “ဘဝသစ် ” အမည်ရှိ ကဗျာစာအုပ်မှတဆင့် သိရှိရသည်။ ထိုကဗျာတွင် သူ၏ ကိုးနှစ်ပြည့် မွေးနေ့မတိုင်မီလေး၌ တွေ့ဆုံခဲ့ဖူးသည့် ဘီရာထရစ် ပေါ်တီနာရီ အပေါ်ထားရှိသော စိတ်ကူးယဉ် အချစ်ဇာတ်လမ်းကို ဖော်ကျူးထားသည်။ ဘီရာထရစ်သည် ၁၂၉၀ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သော်လည်း ဒန္တေ၏ ဘဝတစ်လျှောက်လုံးတွင် စိတ်ကူးယဉ်ချစ်သူနှင့် ကဗျာဉာဏ်ကွန့်မြူးရာ ဝိညာဥ်အဖြစ် တည်ရှိနေခဲ့သည်။ ၁၂၈၅ ခုနှစ် ဝန်းကျင်၌ ဒန္တေသည် ဂျမ်မာ ဒိုနာတီနှင့် လက်ထပ်ခဲ့ပြီး သားသုံးယောက်နှင့် သမီးတစ်ယောက် ထွန်းကားခဲ့သည်။ ဒန္တေ၏ ပုဂ္ဂိုလ်ရေးဘဝထက် သူ၏ လူမှုရေးနှင့် နိုင်ငံရေးဘဝကို မှတ်တမ်းအထောက်အထားအရ ပိုမိုခိုင်လုံစွာ သိရှိရသည်။ သူ၏ အရင်းနှီးဆုံး မိတ်ဆွေများထဲတွင် ကဗျာဆရာ ဂွီဒို ကာ...