နိရယဘုံ ရီဗျူး
နိရယဘုံ ရီဗျူး
ဆရာစိုးဘားဒိုင်၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ကူးယူးဖော်ပြပါသည်။
သက်ပိုင်(ဘာသာပြန်)... နိရယဘုံ
=====================
DANTE ALIGHIERI ရဲ့ THE DIVINE
COMEDY မှ VOLUME-1 : INFERNO ကို
သက်ပိုင်က နိရယဘုံ အမည်နဲ့ဘာသာပြန်ထားတယ်။The
Divine Comedy (အစ္စရိယရကန်-စကားပြေ )ကို A.S.Kline ရဲ့ အင်္ဂလိပ်
ဘာသာပြန်ကနေ ပြန်ဆိုထားတာဖြစ်ပါတယ်။
ခရစ်ယန်မော်ကွန်းကဗျာရှည်ကြီးဖြစ်လို့ ကဗျာဟာ
ခရစ်ယန်ဘာသာရဲ့ လွှမ်းခြုံမှု
အပြည့်ဖြစ်ပါတယ်။နိရယဘုံကတော့ ငရဲဘုံ
ပေါ့။ခရစ်ယန်တစ်ယောက် သေလွန်ပြီးတဲ့နောက်
ဘယ်ဘုံဘဝကို ရောက်ရှိနေသလဲဆိုတာထဲက ငရဲဘုံအကြောင်း
ရေးဖွဲ့ထားတာလို့ဆိုရမှာပါ။ငရဲဝန်း ၉ ဝန်းပါတယ်။ဒီငရဲဝန်းတွေမှာ ငရဲခံနေကြရသူတွေဟာ
မသေလွန်မီလူ့ဘဝတုန်းက ဘာတွေကျူးလွန်ခဲ့သလဲဆိုတာနဲ့ အဲဒါရဲ့အကျိုးဆက်အဖြစ်
ငရဲဝန်းအသီးသီးမှာ ကျရောက်ငရဲခံနေရတာတွေကို
ဖွဲ့ပါတယ်။
ဒီစာအုပ်မှာ
ကဗျာရေးသူဒန္တေကိုယ်တိုင်ငရဲခန်းတွေကို
လေ့လာခွင့်၊စုံစမ်းမေးမြန်းခွင့်ရသူအဖြစ်ပါဝင်ပါတယ်။သူ့ကို
ငရဲဘုံတွေဆီလိုက်ပို့ပေးရသူကတော့ ရောမကဗျာဆရာအကျော် ဗာဂျယ်လ်ဖြစ်ပါတယ်။ဒန္တေဟာ
ဗာဂျယ်လ်ရဲ့အက်ဏီးယဒ်မော်ကွန်းကဗျာရှည်ကြီးကို အထူးလေ့လာထားသူလည်းဖြစ်တယ်။
ငရဲဘုံထဲမှာ ခရစ်တော်မပေါ်မီက
ပုဂ္ဂိုလ်ကြီးတွေလည်းပါတယ်။သူတို့ကငရဲဘုံရောက်နေပေမယ့်
သက်တောင့်သက်သာရှိတဲ့ဘုံမှာရှိနေကြတာဖြစ်တယ်။ငရဲဝန်း ၉ ဝန်းကိုဖော်ပြရာမှာ
ဒန္တေတို့တွေ့ခဲ့ကြသူတွေဟာ လူအစားစားဖြစ်ပါတယ်။ရှင်ဘုရင်ကနေ
သူခိုးတွေအထိပါတယ်။လူနာမည်တွေအများ
ကြီးပါတယ်။ကျွန်တော့်အတွက်တော့ နာမည်
တွေက
အသစ်တွေလိုချည်းဖြစ်ပါတယ်။နာမည်ကြီးစာရေးဆရာ၊ကဗျာဆရာ၊ဒဿနဆရာတွေလောက်သာ
အနည်းအကျဥ်းသိတယ်။
ဒါပေမယ့် ဒီစာအုပ်ကို ဘာသာပြန်တဲ့
ဆရာသက်ပိုင်ရဲ့ အားထုတ်ကြိုးပမ်းမှုကြောင့်
နာမည်တွေထက် ထိုနာမည်ပိုင်သူတွေရဲ့
အစဥ်အလာအထ္ထုပ္ပတ်နဲ့ သူတို့ကျူးလွန်ကြတဲ့အပြစ်တွေကို
ထိတွေ့ရင်းနှီးခွင့်ရတယ်။နောက်ဆက်တွဲကလည်း
အတော့်ကိုအသုံးတည့်ပါတယ်။အဲဒီနောက်ဆက်တွဲမှာ ပါဝင်တဲ့ဇာတ်ကောင် ၁၃၁ ယောက်ကို
မိတ်ဆက်ပေးထားတယ်။ဂန္ထဝင်တစ်ပုဒ်ကို ဘာသာပြန်ရာမှာ ဒီလိုမိတ်ဆက်ပေးမှုဟာ
အများကြီးအသုံးဝင်ပါတယ်။ဒီ့အတွက် ဆရာသက်ပိုင်ကို ကျေးဇူးတင်တယ်။
နောက် ကျွန်တော်သဘောကျတာကတော့ ဆရာသက်ပိုင်ရဲ့
ဘာသာပြန်အရေးအသားပါ။ရှင်းလင်းလွယ်ကူပြီး
ချောမွေ့တဲ့စကားပြေဖြစ်ပါတယ်။ဝါကျရှည်ကြီးတွေကိုပီပြင်အောင်ရေးသားနိုင်ခြင်းဟာ
ဂန္ထဝင်စာပေအတွက် ထိရောက်တဲ့ အကျိုးပြုမှုဖြစ်ပါတယ်။ဒီတာဝန်ကို ဆရာသက်ပိုင်
ကြိုးပမ်းထားတာကို ကျွန်တော်ကျေနပ်ရပါတယ်။
ငရဲဘုံဟာ စက်ဝန်းသဏ္ဍန်ရှိလို့ ငရဲဝန်းလို့
သုံးထားတာလေးလည်း သဘောကျရတယ်။ဒန္တေကိုလိုက်ပို့သူ
ဗာဂျယ်လ်ကလည်းငရဲဘုံမှာရှိနေသူဖြစ်ပါတယ်။ခရစ်တော်မပေါ်မီက ကဗျာဆရာကြီးဖြစ်လို့
သူကတော့ အရစ္စတိုတယ်၊ပလေတိုတို့လိုပဲ ခရစ်ယန်ဘာသာဝင်တော့မဟုတ်ဘူး။သူဟာ
အဲဒီပုဂ္ဂိုလ်တွေနဲ့အတူ လင်းဘုံငရဲငယ်မှာ ရောက်ရှိနေသူဖြစ်တယ်။
ဗာဂျယ်လ်နဲ့ဒန္တေတို့ဟာ
ငရဲဝန်းတစ်ခုပြီးတစ်ခုကို ဖြတ်သန်းရင်း
ငရဲကျနေသူတွေနဲ့စကားမေးမြန်းခွင့်တွေလည်းရခဲ့တယ်။အဲဒီလိုရတဲ့အတွက်
ဥရောပအစဥ်အလာ၊သမိုင်း၊
ယဥ်ကျေးမှု၊နိုင်ငံရေးတွေအကြောင်းကိုလည်း
ကျွဲကူးရေပါသိရတယ်။အထူးသဖြင့်ကတော့ လက်တွေ့ဖြတ်သန်းလုပ်ကိုင်ခဲ့ကြတဲ့
တစ်ဦးချင်းတွေရဲ့ အပြစ်ကျူးလွန်မှုတွေက
တဆင့် နိုင်ငံရဲ့အနေအထားတွေကို
သိကြရတယ်။အထူးသဖြင့်တော့ အီတလီဖြစ်ပါတယ်။
ဒီစာအုပ်ကို မိတ်ဆက်ရုံပဲ မိတ်ဆက်မျှ
ဝေပေးနိုင်ပါတယ်။ငရဲခန်းတွေအကြောင်းက
တဆင့်ပြီးတဆင့် ပိုမိုပြင်းထန်တဲ့
ငရဲကျမှုတွေဖြစ်နေလို့ ဖတ်ကြည့်တာကမှ ပိုအရသာတွေ့နိုင်ပါတယ်။ပြင်သစ်ပန်းချီဆရာ
ဂက်စ်တေ့ဗ်ဒိုရေးရဲ့သရုပ်ဖော်ပုံ ၇၅ ပုံထည့်သွင်းထားတာကလည်း
ဖတ်ရတဲ့အရသာကို ပိုမိုစေးပိုင်သွားစေပါတယ်။
လိမ်လည်လှည့်ဖျားသူများ၏
အဋ္ဌမစက်ဝန်း၊မဲလ်ဘိုးဂျ် ချောက်ကမ်းပါးတွေအ
ကြောင်းဖတ်ရတာ ( ချောက်ကမ်းပါး ၁၀ ခု )
ဟာ ငရဲခန်းတွေသာမက စွန့်စားခန်းတွေကိုပါ
သည်းထိတ်ရင်ဖိုဖတ်ရတယ်။ဗာဂျယ်လ်ကို
အထက်ပါရာဒိသဘုံရဲ့ ညွှန်ကြားမှုရှိလို့သာ
ဒီငရဲခန်းတွေကို ကျော်ဖြတ်နိုင်ကြတာဖြစ်ပါတယ်။
အစ္ဆရိယ ရကန်ဟာ အပိုင်း ၃ပိုင်းရှိပြီး
နိရယဘုံ၊ပါပဝိသောဘုံ၊ပါရာဒိသဘုံအဖြစ်
ရေးဖွဲ့ထားတယ်။ကျန် ၂ပိုင်းကိုလည်း
ဘာသာပြန်သွားမယ်လို့ ဆရာသက်ပိုင်က ပြောထားပါတယ်။
၂၀၂၆၊ဇွန်လမှာ
စာရိပ်မြိုင်စာပေကထုတ်ဝေဖြန့်ချိတယ်။
စာမျက်နှာ ၃၁၂။တန်ဖိုး ၂၁၀၀၀ကျပ်။

Comments
Post a Comment