လူစီဖာ ပါးစပ်ထဲက ငရဲသား ၃ ယောက်

 

လူစီဖာ ပါးစပ်ထဲက ငရဲသား ၃ ယောက်

ဒန္တေရဲ့ နိရယဘုံ ခရီးစဥ်အဆုံးမှာ ရေတွေခဲနေတဲ့ မြစ်ပြင်ကျယ်ကြီးဆီကို ရောက်လာခဲ့ပြီး လေတွေလဲ အင်မတန် တိုက်ခတ်နေတာကို တွေ့လိုက်ရပါတယ်။ ဘာကြောင့် လေတိုက်ခတ်နေရသလဲလို့ ဒန္တေကမေးတော့ ဗာဂျယ်လ်က သူ့ကို မကြောက်ဖို့ ပြောပြီး ဆေတန် တဖြစ်လဲ လူစီဖာကို လှမ်းကြည့်ဖို့ ပြောလိုက်တယ်။

လူစီဖာရဲ့ အဆင်းသဏ္ဌာန်ဟာ နီမြန်းသော မျက်နှာရှိပြီး ခေါင်း ၃ လုံးရှိတယ်လို့ ဒန္တေက တွေ့လိုက်ရပါတယ်။ သူ့ရဲ့ အတောင်ပံကြီးတွေက လှုပ်ခတ်နေတာမို့ လေပြင်းတိုက်ကာ အနားမှာရှိတဲ့ မြစ်ရေတွေပါ အေးခဲကုန်တာ ဖြစ်ပါတယ်။

 ဒန္တေမတိုင်ခင်က လူစီဖာ ခေါ် ဆေတန်ရဲ့ အသွင်ကို အမျိုးမျိုး ဖော်ပြချက်တွေရှိခဲ့ပေမဲ့ နီမြန်းတဲ့ မျက်နှာနဲ့ ခေါင်း ၃ သုံးအသွင်ကတော့ ဒန္တေဖန်တီးခဲ့တဲ့ လူစီဖာရဲ့ ပုံရိပ်ပဲဖြစ်ပါတယ်။

လူစီဖာရဲ့ ခေါင်း ၃ လုံးဟာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဥ်ဆိုတဲ့ သုံးပါး တစ်ဆူ ဝါဒကို ဆန့်ကျင်နေကြောင်း ဖော်ပြချက်ဖြစ်သလို ၃ ဂဏန်းဟာ ဒန္တေအတွက် အတော်လေး အလေးထားရတဲ့ ဘာသာရေးဆိုင်ရာ သင်္ကေတ တစ်ခုလဲ ဖြစ်ပါတယ်။ Divine Comedy ကို ၃ ပိုင်းခွဲရေးတာ၊ တစ်ပိုင်းဆီမှာ ၃၃ ပိုဒ်ဆီပါတာ စသဖြင့် ဖြစ်ပါတယ်။

လူစီဖာရဲ့ ပါးစပ် ၃ ပေါက်ထဲမှာ အပြစ်ကျခံနေရတဲ့ ငရဲသား ၃ ယောက်ရှိပြီး သူတို့ကတော့ ယုဒရှကာရုတ်၊ ဘရူးတပ်စ်နှင့်  ကက်စီးယပ်စ် တို့ဖြစ်ပါတယ်။

ယုဒရှကာရုတ်ဟာ ယေရှုခရစ်တော်ကို သစ္စာဖောက်ခဲ့တဲ့ တမန်တော်တစ်ပါးဖြစ်ပါတယ်။ သူ့ကို လူစီဖာရဲ့ အလယ် ဦးခေါင်းကနေ ဝါးယူစား‌သောက်နေတာကို ဒန္တေတွေ့ခဲ့ရပါတယ်။ ကျန်တဲ့ ဦးခေါင်း ၂ ဖက်မှာတော့ ဂျူးလိယက်ဆီဇာရဲ့ အုပ်ချုပ်မှုကို သစ္စာဖောက်ကာ တော်လှန်ခဲ့တဲ့ ဘရူးတပ်စ်နဲ့ ကက်စီးယပ်စ်တို့ အသီးသီး ရှိနေပါတယ်။ နိုင်ငံရေးအရ သူ နှစ်သက်သဘောကျခဲ့တဲ့ ဂျူးလိယပ်ဆီဇာကို သစ္စာဖောက်ခဲ့တဲ့ သူတွေကိုလဲ အကြီးမားဆုံး အပြစ်ပေးထားတာကို တွေ့ရပါတယ်။

#နိရယဘုံ #အစ္ဆရိယရကန်ကဗျာစကားပြေ #သက်ပိုင် #TheDivineComedy #Dantealighieri



 

Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

ဒေါ်အောင်ဆန်းစုကြည် အကြိုက်ဆုံး တော်လှန်ရေး ဝတ္ထုတစ်ပုဒ်

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁