The Lost Luggage 2a
အခန်း (၂) (က) ဟိုတယ်ခန်းသို့ရောက်သည်နှင့် ကြက်သွေးရောင် ခရီးဆောင်အိတ်ကို အခန်းဘေးချပြီး သီတာတင့် အိပ်ရာပေါ် ပစ်လှဲချလိုက်သည်။ လွန်ခဲ့သည့် တစ်နာရီအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သီတာတင့်အတွက် အဓိပ္ပါယ် ရှိမနေပေ။ အမှန်ဆိုလျှင် လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိဘူးဆိုတာ နည်းတဲ့ ပြဿနာတော့မဟုတ်။ သို့သော် သီတာတင့် စိတ်ကို ငြိမ်ငြိမ်ထားပြီး ကောင်းကောင်း ဖြေရှင်းဖို့ ကြိုးစားခဲ့သည်။ “ For shopping” ‘စျေးဝယ်ထွက်ဖို့ပါ’ ဟု ဖြေလိုက်သော သီတာတင့်ကို အရာရှိမလေးက ခြေအဆုံးခေါင်းအဆုံး အကဲခတ်လိုက်သည်။ ထို့နောက် အရာရှိမလေးသည် ကွန်ပျူတာစကရင်ကို ပြန်ကြည့်ပြီး တစ်ခုခုကို စစ်ဆေးနေသည်။ သီတာတင့်က သူ့ကို ပြုံးပြပြီး သူ့လက်ထဲရှိ ဟိုတယ်ဘွတ်ကင်နှင့် လေယာဥ်လက်မှတ်တို့ကိုလည်း ထိုးပေးလိုက်၏။ ထို့နောက် အရာရှိမလေးက သူ့ကို မေးခွန်းတစ်စုံတရာမမေးတော့ဘဲ ရှေ့က ခရီးသည်များကဲ့သို့ပင် မျက်လုံးစကန်နှင့်အတူ လက်ဆယ်ချောင်းတို့ကိုပါ စကန်ဖတ်ပြီး နှုတ်ဆက်လိုက်လေတော့သည်။ အရာရှိမလေးထံမှ မီးစိမ်းပြတော့မှပဲ သီတာတင့်လည်း သက်ပြင်းလေးခိုးချရသည်။ သို့မဟုတ်လျှင်လည်း ပြဿနာတော့မရှိ။ အရာရှိမလေးထံသို့ မကမ်းပေးခင် လေယာဥ်လက်မှတ်...