အစ္ဆရိယရကန် စကားပြေ အတွဲ ၁ နိရယဘုံ

Image
  လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တုန်းက လူတစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့ကို မတရားစွပ်စွဲပြီး နိုင်ငံကနေ နယ်နှယ်ဒဏ်ပေးခဲ့တဲ့အတွက် သူ့ရဲ့ ကျန်ရှိတဲ့ ဘဝတလျှောက်လုံးမှာ မွေးရပ်မြေကို လွမ်းဆွတ်ပြီး နေခဲ့ရတယ်။ ဒါကြောင့် သူဟာ သူများနဲ့မတူဘဲ သူရောက်နေတဲ့ နယ်မှာသုံးတဲ့ ဘာသာစကားနဲ့ ကဗျာတစ်ပုဒ်ရေးသားခဲ့တယ်။ ဒီကဗျာဟာ သိပ်ကို နာမည်ကြီးသွားပြီး ဒီကဗျာကို ရေးသားတဲ့ နယ်သုံး ဘာသာစကားဟာလည်း အခုခေတ်ရဲ့ နိုင်ငံတော် ဘာသာစကားဖြစ်လာခဲ့တယ်။ ဒီလောက်ဆို ဘယ်သူလဲ ခန့်မှန်းနိုင်လောက်ပြီ ထင်ပါတယ်။ ဒန္တေ အယ်လီဂီယာရီပါ။ သူ့ရဲ့ Divine Comedy ကဗျာကြီးဟာ ဘုံ ၃ ဘုံကို လှည့်လည်သွားလာတဲ့ ခရီးစဥ်ကို ဖော်ပြထားတာဖြစ်ပြီး အီတလီနိုင်ငံ ဖလောရင့်စ်မြို့ရဲ့ နိုင်ငံအတွင်း အကြောင်းအရာတွေ အားလုံးကို အခြေပြုထားပါတယ်။ သူဟာ ကဗျာကြီးကို Comedy လို့ပဲ အမည်ပေးခဲ့တာပါ။ ၁၃ ရာစုခေတ်က Comedy ဆိုတဲ့ အဓိပ္ပါယ်ဟာ ဟာသ သက်သက် မဟုတ်ခဲ့ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ဖြတ်သန်းပြီး အဆုံးမှာ ပျော်ရွှင်စရာနဲ့ အဆုံးသတ်သွားတဲ့ စာပေမျိုးကို ရည်ညွှန်းပါတယ်။ နောက်ပိုင်း ပုံနှိပ်တဲ့အခါမှာတော့ အယ်ဒီတာက Divine ဆိုတဲ့ စကားလုံးထည့်သွင်းခဲ့ပြီး ယနေ့ခေတ်အထိ Divin...

The Lost Luggage 1

အခန်း (၁)

လူကြီးမင်းများရှင်။ ကျွန်မတို့ရဲ့ အာရှမြန်မာလေယာဥ်ဟာ မကြာမီအချိန်အတွင်းမှာပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်ကို ဆင်းသက်‌တော့မှာဖြစ်ပါတယ်။ ခရီးသည်များအားလုံး မိမိတို့ရဲ့ ထိုင်ခုံက လုံခြုံရေးခါးပတ်များကို သေချာစွာ တပ်ဆင်ထားဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဒေသစံတော်ချိန် ည ၁၀နာရီ ၃၅ မိနစ် ဖြစ်ပါတယ်ရှင်”

လေယာဥ်မယ်၏ အသံကြောင့် ခရီးသည် အမျိုးသမီး၏ မှေးစပြုနေသော မျက်လုံးတို့ ပွင့်သွားသည်။ အမျိုးသမီးက သူလွယ်ထားသော အိတ်ကို လှန်လှောကြည့်လိုက်သည်။

‘ပါ့စ်ပို့ ပါပြီ၊ ဘွတ်ကင်နဲ့ ဒီပါချာကတ်လည်းပါပြီ။ အေးဆေးပါ။ အဆင်ပြေသွားမှာပါ” ဟု အမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။ ဒီခရီးစဥ်က သူ့အတွက်တော့ ဘန်ကောက်မြို့ကို ပထမဆုံး ထွက်လာဖူးတဲ့ ခရီးစဥ်ပဲ မဟုတ်ပါလား။ ဘေးဘီက ခရီးသည်အချို့ကလည်း သူ့လိုပဲ လက်ဆွဲအိတ်တို့၊ ကျောပိုးအိတ်တို့ကို လှန်လှောကာ စာရွက်စာတန်းများ ပြင်ဆင်နေကြသည်ကို တွေ့လိုက်ရ၍ အမျိုးသမီးသည် စိတ်သက်သာရာရသွားသည်။ ‘သူတို့လည်း ငါ့လိုပဲ စိတ်လှုပ်ရှားနေကြတယ်ထင်ပါရဲ့’ 

လေယာဥ်ကြီး မြေပြင်နှင့် တဖြည်းဖြည်း နီးကပ်လာသောအခါ အောက်ခြေရှိ လင်းလက်နေသော လမ်းမီးရောင်တို့ကို အမျိုးသမီးမြင်လိုက်ရသည်။ ‘အင်း ညမအိပ်တဲ့ ဘန်ကောက်မြို့ဆိုပါလား’ ဟု သူကတွေးသည်။ လေဆိပ်ကနေ ထွက်ပြီးလျှင်တော့ ကြိုတင် စာရင်းပေးထားတဲ့ ဟိုတည်မှာ ကောင်းကောင်း အနားယူလိုက်ဦးမည်ဟု သူတွေးနေဆဲမှာပင် လေယာဉ်ကြီးကလည်း မြေပြင်ပေါ်သို့ သက်ဆင်းကာ ပြေးလမ်းတလျှောက် ဆက်လိမ့်သွားရင်း ကြိုတင်သတ်မှတ်ထားသော ဂိတ်ပေါက်သို့ရောက်အောင် လေယာဥ်မှူးက ကျွမ်းကျင်စွာ မောင်းနှင်း၍ အရှိန်သတ်လိုက်သည်။ အမျိုးသမီးက ‘လေယာဥ်မှူးတွေဟာ သိပ်ကို တိကျတဲ့ သူတွေပဲ။ ကြိုတင်စီစဥ်ထားတဲ့အတိုင်း တသမတ်တည်း စနစ်တကျ လိုက်နာတတ်တယ်’ ဟု တွေးလိုက်မိပြန်သည်။

“ဆာဝါဒီခ” လေယာဥ်ပေါ်မှဆင်းပြီးနောက် လူဝင်မှုကြီးကြပ်ရေးရုံးမှ အရာရှိကောင်မလေးက အမျိုးသမီးကို နှုတ်ဆက်လိုက်သည်။ ထိုင်းစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်သော်လည်း ‘မင်္ဂလာပါ’ ဟု နှုတ်ဆက်လိုက်မှန်းတော့ သူ နားလည်လိုက်သည်။ သူ့ရှေ့က ဝင်သွားတဲ့ ခရီးသည်တွေကိုလည်း ဒီအရာရှိမလေးက ဒီလိုပဲ နှုတ်ဆက်လိုက်တာကို သူကြားလိုက်သည်။ ထို့နောက် သူ့ပါ့စ်ပို့ကို အရာရှိမလေးက တောင်းယူကာ လိုအပ်သည့် စာရွက်စာတမ်းများနှင့် တိုက်ဆိုင် စစ်ဆေးပြီးလျှင် အမျိုးသမီးအား မေးခွန်းတစ်ခု မေးပြန်သည်။

What is the purpose of your trip to Bangkok?”

‘မင်းက ဘန်ကောက်ကို ဘာရည်ရွယ်ချက်နဲ့ လာတာလဲ’ တဲ့။ အရာရှိမလေး မေးလိုက်တဲ့ အင်္ဂလိပ်လိုမေးခွန်းကို အမျိုးသမီး ကောင်းကောင်းနားလည်ပါသည်။ သို့သော် သူ့တွင် ကြိုတင် ပြင်ဆင်ထားသော အဖြေမရှိ။ အမျိုးသမီး၏ မျက်လုံးတို့သည် ဦးနှောက်ထဲသို့ တိုးဝင်သွားကာ အရာရှိမလေးအတွက် အဖြေတစ်ခုကို အသည်းအသန်ရှာလိုက်သော်လည်း သူ့ပါးစပ်ထဲတွင် တိကျသေချာသော အဖြေတစ်ခုရှိမနေ။ ‘ငါ ဘာလို့ ဘန်ကောက်ကို လာတာလဲ’ ဟု အမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိသည်။ ‘ငါ ဘာလို့ ဒါကို ကြိုမတွေးမိတာလဲ။ ငါက ဘာအလုပ်လုပ်တာလဲ။ ငါ ဒီမှာ ဘယ်နှရက်နေပြီး ဘယ်တွေလုပ်ဖို့ စီစဥ်ထားတာလဲ။ နောက်ပြီး ငါ့ နာမည်က ဘယ်သူလဲ’

 

 

Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁

အစ္ဆရိယရကန် စကားပြေ ၁