မြန်မာနိုင်ငံရဲ့ တန်ဖိုးနည်း ထုတ်ကုန်တစ်ခု

Image
  “We are one and we rise by lifting others. Women can do anything…..” စာသားကို မသိထားရင် နားတောင် မလည်လောက်တဲ့ မီးကျိုးမောင်းပျက် အင်္ဂလိပ်စာ တစ်ပိုဒ်ကို ၁၀ တန်းကျောင်းသား အလွတ်ကျက်ထားတဲ့ အက်ဆေးတစ်ပုဒ်လို မေ့မသွားအောင် ရွတ်ပြနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဗီဒီယို တစ်ပုဒ်ကို ကြည့်မိလိုက်တယ်။ သူ့ရည်ရွယ်ချက်က မြန်မာနိုင်ငံကို ကိုယ်စားပြုချင်တဲ့ အလှမယ်တစ်ယောက် ဖြစ်ချင်တာတဲ့။ ဒီအထိက ပြဿနာမရှိသေးပါဘူး။ ဒါပေမဲ့ သူကိုယ်စားပြုတဲ့ မြို့နယ် (သို့) တိုင်းဒေသကို မိတ်ဆက်တဲ့အခါမှာတော့ စပ်စလူး နတ်ပူးသလို အပမှီသလို မျောက်လက်ထဲ ငါးပိထည့်မိသလို ခုန်ပေါက်ပြီး အသံသေး အသံကြောင်နဲ့ အော်လိုက်တဲ့အခါမှာတော့ စောစောက သူ့အပေါ် လေးစားမိတဲ့ ရှိစုမဲ့စု လေးစားသမှုတောင် ဖြတ်ခနဲဆိုသလို ပျောက်ကွယ်သွားတယ်။ ဒီအပြုအမူက အမျိုးသမီးတွေရဲ့ စွမ်းအားကို ကိုယ်စားပြုချင်တယ်ဆိုတဲ့ သူ့ပြယုဂ်လား။ ဒိုင်အမျိုးသားတွေ ကြိုက်ပြီး အမှတ်ပေးအောင်၊ ပရိတ်သတ်ထဲက ယောက်ျားတွေအမြင်မှာ သူ့ကို လိင်ပြယုဂ် (sex appeal) အဖြစ် မြင်လာပြီး အင်တာနက်ကနေ လူကြိုက်များတဲ့ မဲရအောင် ရှိသမျှကို ဖော်ပြ လှုပ်ခါပြီး လမ်းလျှောက်ပြတဲ့ သူဟာ ဆက်ကပ်ထဲက မျောက်ဘဝကို ရ...

The Lost Luggage 1

အခန်း (၁)

လူကြီးမင်းများရှင်။ ကျွန်မတို့ရဲ့ အာရှမြန်မာလေယာဥ်ဟာ မကြာမီအချိန်အတွင်းမှာပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်ကို ဆင်းသက်‌တော့မှာဖြစ်ပါတယ်။ ခရီးသည်များအားလုံး မိမိတို့ရဲ့ ထိုင်ခုံက လုံခြုံရေးခါးပတ်များကို သေချာစွာ တပ်ဆင်ထားဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဒေသစံတော်ချိန် ည ၁၀နာရီ ၃၅ မိနစ် ဖြစ်ပါတယ်ရှင်”

လေယာဥ်မယ်၏ အသံကြောင့် ခရီးသည် အမျိုးသမီး၏ မှေးစပြုနေသော မျက်လုံးတို့ ပွင့်သွားသည်။ အမျိုးသမီးက သူလွယ်ထားသော အိတ်ကို လှန်လှောကြည့်လိုက်သည်။

‘ပါ့စ်ပို့ ပါပြီ၊ ဘွတ်ကင်နဲ့ ဒီပါချာကတ်လည်းပါပြီ။ အေးဆေးပါ။ အဆင်ပြေသွားမှာပါ” ဟု အမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။ ဒီခရီးစဥ်က သူ့အတွက်တော့ ဘန်ကောက်မြို့ကို ပထမဆုံး ထွက်လာဖူးတဲ့ ခရီးစဥ်ပဲ မဟုတ်ပါလား။ ဘေးဘီက ခရီးသည်အချို့ကလည်း သူ့လိုပဲ လက်ဆွဲအိတ်တို့၊ ကျောပိုးအိတ်တို့ကို လှန်လှောကာ စာရွက်စာတန်းများ ပြင်ဆင်နေကြသည်ကို တွေ့လိုက်ရ၍ အမျိုးသမီးသည် စိတ်သက်သာရာရသွားသည်။ ‘သူတို့လည်း ငါ့လိုပဲ စိတ်လှုပ်ရှားနေကြတယ်ထင်ပါရဲ့’ 

လေယာဥ်ကြီး မြေပြင်နှင့် တဖြည်းဖြည်း နီးကပ်လာသောအခါ အောက်ခြေရှိ လင်းလက်နေသော လမ်းမီးရောင်တို့ကို အမျိုးသမီးမြင်လိုက်ရသည်။ ‘အင်း ညမအိပ်တဲ့ ဘန်ကောက်မြို့ဆိုပါလား’ ဟု သူကတွေးသည်။ လေဆိပ်ကနေ ထွက်ပြီးလျှင်တော့ ကြိုတင် စာရင်းပေးထားတဲ့ ဟိုတည်မှာ ကောင်းကောင်း အနားယူလိုက်ဦးမည်ဟု သူတွေးနေဆဲမှာပင် လေယာဉ်ကြီးကလည်း မြေပြင်ပေါ်သို့ သက်ဆင်းကာ ပြေးလမ်းတလျှောက် ဆက်လိမ့်သွားရင်း ကြိုတင်သတ်မှတ်ထားသော ဂိတ်ပေါက်သို့ရောက်အောင် လေယာဥ်မှူးက ကျွမ်းကျင်စွာ မောင်းနှင်း၍ အရှိန်သတ်လိုက်သည်။ အမျိုးသမီးက ‘လေယာဥ်မှူးတွေဟာ သိပ်ကို တိကျတဲ့ သူတွေပဲ။ ကြိုတင်စီစဥ်ထားတဲ့အတိုင်း တသမတ်တည်း စနစ်တကျ လိုက်နာတတ်တယ်’ ဟု တွေးလိုက်မိပြန်သည်။

“ဆာဝါဒီခ” လေယာဥ်ပေါ်မှဆင်းပြီးနောက် လူဝင်မှုကြီးကြပ်ရေးရုံးမှ အရာရှိကောင်မလေးက အမျိုးသမီးကို နှုတ်ဆက်လိုက်သည်။ ထိုင်းစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်သော်လည်း ‘မင်္ဂလာပါ’ ဟု နှုတ်ဆက်လိုက်မှန်းတော့ သူ နားလည်လိုက်သည်။ သူ့ရှေ့က ဝင်သွားတဲ့ ခရီးသည်တွေကိုလည်း ဒီအရာရှိမလေးက ဒီလိုပဲ နှုတ်ဆက်လိုက်တာကို သူကြားလိုက်သည်။ ထို့နောက် သူ့ပါ့စ်ပို့ကို အရာရှိမလေးက တောင်းယူကာ လိုအပ်သည့် စာရွက်စာတမ်းများနှင့် တိုက်ဆိုင် စစ်ဆေးပြီးလျှင် အမျိုးသမီးအား မေးခွန်းတစ်ခု မေးပြန်သည်။

What is the purpose of your trip to Bangkok?”

‘မင်းက ဘန်ကောက်ကို ဘာရည်ရွယ်ချက်နဲ့ လာတာလဲ’ တဲ့။ အရာရှိမလေး မေးလိုက်တဲ့ အင်္ဂလိပ်လိုမေးခွန်းကို အမျိုးသမီး ကောင်းကောင်းနားလည်ပါသည်။ သို့သော် သူ့တွင် ကြိုတင် ပြင်ဆင်ထားသော အဖြေမရှိ။ အမျိုးသမီး၏ မျက်လုံးတို့သည် ဦးနှောက်ထဲသို့ တိုးဝင်သွားကာ အရာရှိမလေးအတွက် အဖြေတစ်ခုကို အသည်းအသန်ရှာလိုက်သော်လည်း သူ့ပါးစပ်ထဲတွင် တိကျသေချာသော အဖြေတစ်ခုရှိမနေ။ ‘ငါ ဘာလို့ ဘန်ကောက်ကို လာတာလဲ’ ဟု အမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိသည်။ ‘ငါ ဘာလို့ ဒါကို ကြိုမတွေးမိတာလဲ။ ငါက ဘာအလုပ်လုပ်တာလဲ။ ငါ ဒီမှာ ဘယ်နှရက်နေပြီး ဘယ်တွေလုပ်ဖို့ စီစဥ်ထားတာလဲ။ နောက်ပြီး ငါ့ နာမည်က ဘယ်သူလဲ’

 

 

Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁

အစ္ဆရိယရကန် စကားပြေ ၁