မြန်မာနိုင်ငံရဲ့ တန်ဖိုးနည်း ထုတ်ကုန်တစ်ခု

Image
  “We are one and we rise by lifting others. Women can do anything…..” စာသားကို မသိထားရင် နားတောင် မလည်လောက်တဲ့ မီးကျိုးမောင်းပျက် အင်္ဂလိပ်စာ တစ်ပိုဒ်ကို ၁၀ တန်းကျောင်းသား အလွတ်ကျက်ထားတဲ့ အက်ဆေးတစ်ပုဒ်လို မေ့မသွားအောင် ရွတ်ပြနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဗီဒီယို တစ်ပုဒ်ကို ကြည့်မိလိုက်တယ်။ သူ့ရည်ရွယ်ချက်က မြန်မာနိုင်ငံကို ကိုယ်စားပြုချင်တဲ့ အလှမယ်တစ်ယောက် ဖြစ်ချင်တာတဲ့။ ဒီအထိက ပြဿနာမရှိသေးပါဘူး။ ဒါပေမဲ့ သူကိုယ်စားပြုတဲ့ မြို့နယ် (သို့) တိုင်းဒေသကို မိတ်ဆက်တဲ့အခါမှာတော့ စပ်စလူး နတ်ပူးသလို အပမှီသလို မျောက်လက်ထဲ ငါးပိထည့်မိသလို ခုန်ပေါက်ပြီး အသံသေး အသံကြောင်နဲ့ အော်လိုက်တဲ့အခါမှာတော့ စောစောက သူ့အပေါ် လေးစားမိတဲ့ ရှိစုမဲ့စု လေးစားသမှုတောင် ဖြတ်ခနဲဆိုသလို ပျောက်ကွယ်သွားတယ်။ ဒီအပြုအမူက အမျိုးသမီးတွေရဲ့ စွမ်းအားကို ကိုယ်စားပြုချင်တယ်ဆိုတဲ့ သူ့ပြယုဂ်လား။ ဒိုင်အမျိုးသားတွေ ကြိုက်ပြီး အမှတ်ပေးအောင်၊ ပရိတ်သတ်ထဲက ယောက်ျားတွေအမြင်မှာ သူ့ကို လိင်ပြယုဂ် (sex appeal) အဖြစ် မြင်လာပြီး အင်တာနက်ကနေ လူကြိုက်များတဲ့ မဲရအောင် ရှိသမျှကို ဖော်ပြ လှုပ်ခါပြီး လမ်းလျှောက်ပြတဲ့ သူဟာ ဆက်ကပ်ထဲက မျောက်ဘဝကို ရ...

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ




🎁🎁 (Give away စာအုပ်လက်ဆောင် အစီအစဉ်)
၂၀၂၆ ခုနှစ်ရဲ့ မဖတ်မဖြစ် မှတ်တိုင်သစ် - "ဘာသာရေးနှင့် သိပ္ပံပညာ"
ပူလစ်ဇာဆုရှင် Edward J. Larson နဲ့ ဒဿနပညာရှင် Michael Ruse တို့ရဲ့ ကမ္ဘာကျော်လက်ရာကို အခြေခံထားတဲ့ "ဘာသာရေးနှင့် သိပ္ပံပညာ" ဘာသာပြန် စာအုပ်သစ် ထွက်ရှိလာပါပြီ။
သိပ္ပံပညာက "ဘယ်လို" ဆိုတဲ့ အမေးကို ဖြေရှင်းပေးပြီး၊ ဘာသာရေးက "ဘာကြောင့်" ဆိုတဲ့ အဓိပ္ပာယ်ကို ရှာဖွေပေးပါတယ်။ ဒီနှစ်ခုကြားက ဟန်ချက်ညီမှုကို သိပါသလား။
စာအုပ်ထဲမှာ ဘာတွေ ဖတ်ရမလဲဆိုရင်တော့
• လူသားဖြစ်တည်မှုရဲ့ ပဟေဠိ - ဆင့်ကဲပြောင်းလဲဖြစ်စဉ် (Evolution) ရဲ့ အားသာချက်၊ အားနည်းချက်များ။
• မှောင်မိုက်သော သမိုင်း - နာဇီတို့ရဲ့ လူသားမျိုးဗီဇသန့်စင်ရေး လုပ်ရပ်များနှင့် ယနေ့တိုင် အံ့သြနေရဆဲ ဖြစ်ရပ်များ။
• ရှေးဟောင်းခြေရာများ - ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာမှု (Paleontology) ရဲ့ စိတ်ဝင်စားဖွယ် နောက်ခံသမိုင်း။
• ယုံကြည်မှုနဲ့ လူ့အဖွဲ့အစည်း - ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာ နဲ့ ဟိန္ဒူ စတဲ့ ဘာသာတရားတွေအောက်မှာ လူသားတွေ ဘယ်လို ရုန်းကန်ပြောင်းလဲလာခဲ့သလဲ။
"ဘာသာရေးမရှိဘဲ လူမှုအဖွဲ့အစည်း မဖြစ်တည်နိုင်သလို၊ သိပ္ပံပညာမရှိဘဲနဲ့လည်း လူ့ဘောင်ဟာ ရှေ့မတိုးနိုင်ပါဘူး။" ဆိုတဲ့ အကြောင်းအရာကို ကောင်းကောင်းကြီး ဖော်ပြထားတဲ့ စာအုပ်ကောင်း တစ်ခုပဲ ဖြစ်ပါတယ်။
________________________________________
စာအုပ်မှာယူလိုပါက -
သားငယ်စာပေ- Thar Nge Sarpay စာအုပ်တိုက် ရဲ့ Messenger မှာ အခုပဲ ဆက်သွယ်မှာယူနိုင်ပါပြီ။
________________________________________
🎁 [GIVEAWAY စာအုပ်လက်ဆောင်အစီအစဉ်]
ဒီစာအုပ်လေးကို လက်ဆောင်ပိုင်ဆိုင်ချင်တဲ့ စာချစ်သူ ၇ ယောက် ကို ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။
ပါဝင်ရမည့် စည်းကမ်းချက်များ -
1. ဒီ Post ကို Public နဲ့ Share ပေးပါ။✅
2. Share ထားတဲ့ Screen Shot လေးကိုပါ တစ်ခါတည်း တွဲမန့်ပေးဖို့ မမေ့နဲ့နော်။✅
🎁ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ Give away ရရှိသူများကို ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။ (မြန်မာနိုင်ငံအတွင်းသာ)

Comments

Popular posts from this blog

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁

အစ္ဆရိယရကန် စကားပြေ ၁