အစ္ဆရိယရကန် စကားပြေ အတွဲ ၁ နိရယဘုံ

Image
  လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တုန်းက လူတစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့ကို မတရားစွပ်စွဲပြီး နိုင်ငံကနေ နယ်နှယ်ဒဏ်ပေးခဲ့တဲ့အတွက် သူ့ရဲ့ ကျန်ရှိတဲ့ ဘဝတလျှောက်လုံးမှာ မွေးရပ်မြေကို လွမ်းဆွတ်ပြီး နေခဲ့ရတယ်။ ဒါကြောင့် သူဟာ သူများနဲ့မတူဘဲ သူရောက်နေတဲ့ နယ်မှာသုံးတဲ့ ဘာသာစကားနဲ့ ကဗျာတစ်ပုဒ်ရေးသားခဲ့တယ်။ ဒီကဗျာဟာ သိပ်ကို နာမည်ကြီးသွားပြီး ဒီကဗျာကို ရေးသားတဲ့ နယ်သုံး ဘာသာစကားဟာလည်း အခုခေတ်ရဲ့ နိုင်ငံတော် ဘာသာစကားဖြစ်လာခဲ့တယ်။ ဒီလောက်ဆို ဘယ်သူလဲ ခန့်မှန်းနိုင်လောက်ပြီ ထင်ပါတယ်။ ဒန္တေ အယ်လီဂီယာရီပါ။ သူ့ရဲ့ Divine Comedy ကဗျာကြီးဟာ ဘုံ ၃ ဘုံကို လှည့်လည်သွားလာတဲ့ ခရီးစဥ်ကို ဖော်ပြထားတာဖြစ်ပြီး အီတလီနိုင်ငံ ဖလောရင့်စ်မြို့ရဲ့ နိုင်ငံအတွင်း အကြောင်းအရာတွေ အားလုံးကို အခြေပြုထားပါတယ်။ သူဟာ ကဗျာကြီးကို Comedy လို့ပဲ အမည်ပေးခဲ့တာပါ။ ၁၃ ရာစုခေတ်က Comedy ဆိုတဲ့ အဓိပ္ပါယ်ဟာ ဟာသ သက်သက် မဟုတ်ခဲ့ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ဖြတ်သန်းပြီး အဆုံးမှာ ပျော်ရွှင်စရာနဲ့ အဆုံးသတ်သွားတဲ့ စာပေမျိုးကို ရည်ညွှန်းပါတယ်။ နောက်ပိုင်း ပုံနှိပ်တဲ့အခါမှာတော့ အယ်ဒီတာက Divine ဆိုတဲ့ စကားလုံးထည့်သွင်းခဲ့ပြီး ယနေ့ခေတ်အထိ Divin...

စာအုပ်မိတ်ဆက် ၃

 “ခရစ္စမတ်မှာ လက်ဆောင်တောင် မရဘူးဆိုရင် ခရစ္စမတ်လို့တောင် ခေါ်နိုင်ပါ့မလားနော်” ဆိုတဲ့ ကလေးဆန်ဆန် စကားလုံးနဲ့ ဖွင့်လိုက်တဲ့ ဝတ္ထုဟာ အမေရိကန်လူမျိုး လူဝီဆာ မေ အယ်လ်ကော့ရဲ့ ကမ္ဘာကျော် ဂန္ထဝင်စာပေ သမီးရတနာ ဝတ္ထုပဲဖြစ်ပါတယ်။

ဒီစာအုပ်ဟာ လေးအုပ်တွဲဖြစ်ပြီး ပထမ နှစ်အုပ်ဖြစ်တဲ့ သမီးရတနာ (Little Women) နဲ့ မယားအလိမ္မာ (Good Wives) ကို ‘သမီးရတနာ’ လို့ပဲ ခေါင်းစဥ်ပေးပြီး စာရိပ်မြိုင်စာပေကနေ ထုတ်ဝေခဲ့ပါတယ်။ ကျန်သေးတဲ့ နှစ်တွဲဖြစ်တဲ့ Little Men နဲ့ Jo’s Boys တို့ကတော့ ဆက်လက် ဘာသာပြန်နေဆဲပါ။
သမီးရတနာ ဝတ္ထုဟာ သက်ပိုင် (ဘာသာပြန်) ရဲ့ ၉ အုပ်မြောက် စာအုပ်ပဲဖြစ်ပါတယ်။
သမီးရတနာ စာအုပ်ဟာ အမေရိကန်ပြည်တွင်းစစ်ကာလအတွင်းမှာ မာ့ချ်မိသားစုကလေး ဘယ်လို ဖြတ်သန်းခဲ့သလဲဆိုတဲ့အကြောင်းကို အမျိုးသမီး ဦးစားပေး ဇာတ်ကောင်တွေနဲ့ တင်ဆက်ထားတဲ့ ဂန္ထဝင်စာအုပ်ကြီး တစ်ခုဖြစ်သလို အမျိုးသမီးဝါဒကို ကောင်းကောင်းဖော်ပြထားတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။
အမေရိကန်ပြည်တွင်းစစ် ဖြစ်ပွားခဲ့တဲ့ကာလမှာ အေးအေးချမ်းချမ်း နေထိုင်လာခဲ့တဲ့ မာ့ချ်မိသားစုက အဖေကြီး မာ့ချ်ဟာ စစ်ပွဲအတွင်းမှာ စစ်သည်တို့ကို ဘာသာရေးအရ စိတ်ဓါတ်မြှင့်တင်ရေးအတွက် ဘုန်းတော်ကြီးရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီတော့ အိမ်မှာ မဂ်၊ ဂျိုး၊ အေမီ နဲ့ ဘက်သ် ဆိုတဲ့ သမီး ၄ ယောက်နဲ့အတူ မိခင်ဖြစ်သူ မာမီမာ့ချ်တို့ပဲ ကျန်ခဲ့ပါတော့တယ်။
အကြီးဆုံးသမီးဖြစ်တဲ့ မဂ်ဟာ စိတ်ကူးယဥ်ဆန်တယ်။ တည်ငြိမ်တယ်။ မိန်းမဆန်တယ်။ သနားကြင်နာတတ်တယ်။ သူက အနီးအနားမှာရှိတဲ့ ကလေးတွေကို စာသင်ပေးပြီး ပိုက်ဆံရှာရပါတယ်။
ဒုတိယသမီး ဂျိုးဆက်ဖင်းကတော့ သူ့ကိုယ်သူ ဂျိုးလို့ပဲ ခေါ်ပြီး ယောက်ျားလေးတစ်ယောက်လို နေရတာကို သဘောကျတဲ့ကလေးပါ။ စာပေကို ဝါသနာပါတာမို့ သူ့ကြီးတော် ဒေါ်လေးမာ့ချ်ဆီသွားပြီး စာဖတ်ပြကာ ပိုက်ဆံရှာလေ့ရှိပါတယ်။
တတိယသမီး အေမီက ရည်မှန်းချက်ကြီးတယ်။ စိတ်ဓါတ်ပြတ်သားတယ်။ နောက်ပြီး အနုပညာမှာ ထက်သန်တယ်။ သူဟာ ကလေးသာသာ ဖြစ်တာမို့ အလုပ်မလုပ်သေးဘဲ ဝတ္ထုအစပိုင်းမှာ ကျောင်းသူလေးအဖြစ်သာ ရှိပါသေးတယ်။
အငယ်ဆုံး ဘက်သ်ဟာ သူတို့အားလုံးထဲမှာ အကြင်နာဆုံး မိန်းကလေးပါပဲ။ သူ့ဇာတ်ကောင်ဟာ ပိုလီယာနာဇာတ်ကောင်နဲ့တောင် အတော်လေး ဆင်တူကာ အရာရာကို အကောင်းဆုံးပဲ တွေးတတ်တာ အကောင်းဘက်က မြင်တတ်သူပါ။
ဒီလို စစ်အတွင်းမှာ ကြီးပြင်းခဲ့တဲ့ မိန်းကလေး ၄ ယောက်ရဲ့ ဆယ်ကျော်သက်ဘဝလေးကို ချစ်စရာဖြစ်အောင် ရေးဖွဲ့ခဲ့တဲ့ လူဝီဆာက ဒီဝတ္ထုဟာ သူနဲ့ သူ့ညီမလေးတွေအကြောင်းကို အခြေခံကာ ရေးသားခဲ့တယ်လို့ ပြောကြပါတယ်။ စိတ်မကောင်းစရာကောင်းတာကတော့ ဇာတ်လမ်းထဲကလိုပဲ အပြင်မှာလည်း စာရေးသူ လူဝီဆာရဲ့ ညီမလေးဟာလည်း အပြင်းဖျားကာ သေဆုံးခဲ့တာပါပဲ။
နောက်ထပ် တစ်တွဲဖြစ်တဲ့ မယားအလိမ္မာမှာတော့ မဂ်၊ ဂျိုး၊ အေမီနဲ့ ဘက်သ်တို့ဟာ အပျိုအရွယ်တွေရောက်လာပြီမို့ အချစ်ရေးရာကိစ္စတွေပါ ရောယှက်ပါဝင်လာပါတော့တယ်။
မဂ်ဟာ ကျောင်းဆရာတစ်‌ယောက်နဲ့ အိမ်ထောင်ကျကာ လူ့ဘဝရဲ့ ဆင်းရဲဒုက္ခတွေကို မျက်ဝါးထင်ထင်တွေ့လာရပြီး လောကဓံဆိုတာကို နားလည်လာတယ်။
ငယ်ငယ်ကတည်းက ယှဥ်ပြိုင်လာခဲ့တဲ့ ဂျိုးနဲ့ အေမီကြားက လောရီနဲ့ ပတ်သက်တဲ့ အထင်အမြင်လွဲမှားမှုတွေ၊ ညီမ အငယ်ဆုံး ဘက်သ်ရဲ့ ကျန်းမာရေးကြောင့် အဝေးရောက်နေတဲ့ ညီမ ၄ ယောက် ပြန်ဆုံကြတဲ့အခါမှာ ငယ်ငယ်တုန်းကလိုမဟုတ်ဘဲ ရင့်ကျက်လာကြတဲ့ သူတို့ရဲ့ ဇာတ်ကောင်တွေကို အကောင်းဆုံး ဖော်ပြထားတာကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁

အစ္ဆရိယရကန် စကားပြေ ၁