အစ္ဆရိယရကန် စကားပြေ အတွဲ ၁ နိရယဘုံ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တုန်းက လူတစ်ယောက်
ရှိခဲ့ဖူးတယ်။ သူ့ကို မတရားစွပ်စွဲပြီး နိုင်ငံကနေ နယ်နှယ်ဒဏ်ပေးခဲ့တဲ့အတွက် သူ့ရဲ့
ကျန်ရှိတဲ့ ဘဝတလျှောက်လုံးမှာ မွေးရပ်မြေကို လွမ်းဆွတ်ပြီး နေခဲ့ရတယ်။ ဒါကြောင့် သူဟာ
သူများနဲ့မတူဘဲ သူရောက်နေတဲ့ နယ်မှာသုံးတဲ့ ဘာသာစကားနဲ့ ကဗျာတစ်ပုဒ်ရေးသားခဲ့တယ်။ ဒီကဗျာဟာ
သိပ်ကို နာမည်ကြီးသွားပြီး ဒီကဗျာကို ရေးသားတဲ့ နယ်သုံး ဘာသာစကားဟာလည်း အခုခေတ်ရဲ့
နိုင်ငံတော် ဘာသာစကားဖြစ်လာခဲ့တယ်။ ဒီလောက်ဆို ဘယ်သူလဲ ခန့်မှန်းနိုင်လောက်ပြီ ထင်ပါတယ်။
ဒန္တေ အယ်လီဂီယာရီပါ။ သူ့ရဲ့ Divine
Comedy ကဗျာကြီးဟာ ဘုံ ၃ ဘုံကို လှည့်လည်သွားလာတဲ့ ခရီးစဥ်ကို ဖော်ပြထားတာဖြစ်ပြီး
အီတလီနိုင်ငံ ဖလောရင့်စ်မြို့ရဲ့ နိုင်ငံအတွင်း အကြောင်းအရာတွေ အားလုံးကို အခြေပြုထားပါတယ်။
သူဟာ ကဗျာကြီးကို Comedy လို့ပဲ အမည်ပေးခဲ့တာပါ။ ၁၃ ရာစုခေတ်က
Comedy ဆိုတဲ့ အဓိပ္ပါယ်ဟာ ဟာသ သက်သက် မဟုတ်ခဲ့ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့
ခရီးကို ဖြတ်သန်းပြီး အဆုံးမှာ ပျော်ရွှင်စရာနဲ့ အဆုံးသတ်သွားတဲ့ စာပေမျိုးကို ရည်ညွှန်းပါတယ်။
နောက်ပိုင်း ပုံနှိပ်တဲ့အခါမှာတော့ အယ်ဒီတာက Divine ဆိုတဲ့ စကားလုံးထည့်သွင်းခဲ့ပြီး
ယနေ့ခေတ်အထိ Divine Comedy ရယ်လို့ အမည်တွင်ခဲ့ပါတော့တယ်။ ဒီစာအုပ်ရဲ့
ကျော်ကြားမှုဟာ ခေတ်သစ် အီတာလျံဘာသာစကားရဲ့ ဖခင်ကြီးအဖြစ် ဒန္တေကို သတ်မှတ်ခဲ့ကြတဲ့
အထိပါပဲ။
Divine Comedy ကို ကျွန်တော်က “အစ္ဆရိယရကန်” လို့
အမည်ပေးထားပါတယ်။ Divine (နတ်ဘုရား တမျှ) ဆိုတဲ့ အဓိပ္ပါယ်ကို
မြတ်စွာဘုရားရှင်ရဲ့ မဟာလူသားအဖြစ် ကြီးမြတ်ကြောင်းကို ဖော်ညွှန်းတဲ့ “အစ္ဆရိယမနုဿပုဂ္ဂလသုတ်”
ကနေ ကောက်နှုတ်ထားတာဖြစ်ပါတယ်။
မြန်မာကဗျာမှာ ရကန်ဆိုတဲ့ အဓိပ္ပါယ်ဟာ ကိုယ်ညွှန်းဆိုလိုတဲ့
အကြောင်းအရာသည်သာ အကောင်းဆုံးပုံစံနဲ့ ရေးဖွဲ့ကြခြင်းဖြစ်သလို၊ “ရိဂံ” ဆိုတဲ့ အလွန်
ရွှင်မြူးစေခြင်း အနက်ကနေ လာတယ်လို့လည်း ဆိုကြပါတယ်။ မြန်မာစာဆရာကြီး ဦးဖေမောင်တင်က
“ရကန်ဆိုတာ ဒီစာရေးသူတွေ ငါ့လောက်မတတ်ပါဘူးကွာ” ဆိုပြီး ရန်ထောင်တဲ့ အသုံးနဲ့ ရေးတာလို့လည်း
ပြောဖူးပါတယ်။ ဒီအချက်တွေဟာ ဒန္တေရဲ့ ကဗျာနဲ့ ကိုက်ညီနေတာမို့ “အစ္ဆရိယရကန်” ဆိုတဲ့
ဝေါဟာရ တစ်ခု မွေးဖွားလာတာပဲဖြစ်ပါတယ်။
အစ္ဆရိယရကန်ဟာ သမ္မာကျမ်းစာပြီးရင် အရောင်းရဆုံး စာအုပ်တစ်အုပ်လည်း ဖြစ်ခဲ့သလို တက္ကသိုလ်တွေမှာလည်း သင်ရိုးတစ်ခုအဖြစ် ထည့်သွင်းသင်ကြားရတဲ့ စာအုပ်ဖြစ်ပါတယ်။ အစ္ဆရိယရကန် စကားပြေ အတွဲ ၁ “နိရယဘုံ” စာအုပ်ကို စာရိပ်မြိုင်ကနေ 20 % discount နဲ့ Pre order မှာယူနိုင်ပါပြီ။
#အစ္ဆရိယရကန် #နိရယဘုံ #Dante
#DivineComedy #သက်ပိုင် #စာရိပ်မြိုင်
Comments
Post a Comment