အစ္ဆရိယရကန် စကားပြေ အတွဲ ၁ နိရယဘုံ

Image
  လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တုန်းက လူတစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့ကို မတရားစွပ်စွဲပြီး နိုင်ငံကနေ နယ်နှယ်ဒဏ်ပေးခဲ့တဲ့အတွက် သူ့ရဲ့ ကျန်ရှိတဲ့ ဘဝတလျှောက်လုံးမှာ မွေးရပ်မြေကို လွမ်းဆွတ်ပြီး နေခဲ့ရတယ်။ ဒါကြောင့် သူဟာ သူများနဲ့မတူဘဲ သူရောက်နေတဲ့ နယ်မှာသုံးတဲ့ ဘာသာစကားနဲ့ ကဗျာတစ်ပုဒ်ရေးသားခဲ့တယ်။ ဒီကဗျာဟာ သိပ်ကို နာမည်ကြီးသွားပြီး ဒီကဗျာကို ရေးသားတဲ့ နယ်သုံး ဘာသာစကားဟာလည်း အခုခေတ်ရဲ့ နိုင်ငံတော် ဘာသာစကားဖြစ်လာခဲ့တယ်။ ဒီလောက်ဆို ဘယ်သူလဲ ခန့်မှန်းနိုင်လောက်ပြီ ထင်ပါတယ်။ ဒန္တေ အယ်လီဂီယာရီပါ။ သူ့ရဲ့ Divine Comedy ကဗျာကြီးဟာ ဘုံ ၃ ဘုံကို လှည့်လည်သွားလာတဲ့ ခရီးစဥ်ကို ဖော်ပြထားတာဖြစ်ပြီး အီတလီနိုင်ငံ ဖလောရင့်စ်မြို့ရဲ့ နိုင်ငံအတွင်း အကြောင်းအရာတွေ အားလုံးကို အခြေပြုထားပါတယ်။ သူဟာ ကဗျာကြီးကို Comedy လို့ပဲ အမည်ပေးခဲ့တာပါ။ ၁၃ ရာစုခေတ်က Comedy ဆိုတဲ့ အဓိပ္ပါယ်ဟာ ဟာသ သက်သက် မဟုတ်ခဲ့ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ဖြတ်သန်းပြီး အဆုံးမှာ ပျော်ရွှင်စရာနဲ့ အဆုံးသတ်သွားတဲ့ စာပေမျိုးကို ရည်ညွှန်းပါတယ်။ နောက်ပိုင်း ပုံနှိပ်တဲ့အခါမှာတော့ အယ်ဒီတာက Divine ဆိုတဲ့ စကားလုံးထည့်သွင်းခဲ့ပြီး ယနေ့ခေတ်အထိ Divin...

စာအုပ်မိတ်ဆက် ၅

 "ကျွန်တော့်ကို ဘယ်သူမှ သတ်တာမဟုတ်ဘူး။ အမေကိုယ်တိုင်ပဲ သတ်လိုက်တာ...."

ဆူဆိုက်ဒိုင်ယာရီ (ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသော လူငယ်တစ်ဦး၏ ဖွင့်ဟ ဝန်ခံချက်) ဟာ Leroy Aarons ရဲ့ Prayers for Bobby ကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ သားငယ်စာပေကနေ မှာယူနိုင်ပါတယ်။
ဒီစာအုပ်ဟာ သက်ပိုင် (ဘာသာပြန်) ရဲ့ ၇ အုပ်မြောက် စာအုပ်ပဲဖြစ်ပါတယ်။
၁၉၇၀ နဲ့ ၈၀ ဝန်းကျင်က ဘော်ဘီ ဂရစ်ဖစ်သ် ဆိုတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပြီး ဘော်ဘီဟာ မိရိုးဖလာ ခရစ်ယာန်ဘာသာဝင် မိသားစုက ဆင်းသက်လာသူဖြစ်ပါတယ်။ သူဟာ Gay တစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ သူ့အမေဖြစ်သူ မေရီက ဘာသာရေးအယူအဆတွေနဲ့ ဘော်ဘီ့ ကို ပျောက်ကင်းအောင် ကုသဖို့ ကြိုးစားခဲ့ပါတယ်။ ဒီဖိအားတွေကြောင့်ပဲ နောက်ဆုံးမှာ ဘော်ဘီဟာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။
စာအုပ်ရဲ့ အကြီးမားဆုံး အချက်ကတော့ "ဘာသာရေးအစွဲ" က လူတစ်ယောက်ရဲ့ မေတ္တာတရားကို ဘယ်လို မျက်ကွယ်ပြုစေသလဲဆိုတာကို ပြသွားတာပါ။ မေရီဟာ သူ့ရဲ့ သားကို ချစ်ပေမယ့် ဘာသာရေးကျမ်းစာတွေကို အဓိပ္ပာယ်ကောက်လွဲပြီး သားဖြစ်သူကို ငရဲသွားမယ့်သူလို့ သတ်မှတ်ခဲ့ပါတယ်။ စာအုပ်ထဲမှာ ဘော်ဘီရေးခဲ့တဲ့ ဒိုင်ယာရီတွေကို ထည့်သွင်းဖော်ပြထားလို့ သူ့ရဲ့ စိတ်ဒဏ်ရာ၊ အထီးကျန်မှုနဲ့ ဘုရားသခင်ဆီမှာ အကူအညီတောင်းခံမှုတွေကို ရင်နင့်စရာ ကောင်းအောင် ခံစားရမှာပါ။
ဒီစာအုပ်ရဲ့ အလှဆုံးနဲ့ အနာကျင်ဆုံးအပိုင်းက မေရီတစ်ယောက် သားဖြစ်သူ ဆုံးပါးသွားပြီးမှ ဘော်ဘီရဲ့ ဒိုင်ယာရီတွေကို ပြန်ဖတ်တဲ့ အချိန်ပါ။ သူအရင်က အပြစ်လို့ မြင်ခဲ့တဲ့ အရာတွေဟာ တကယ်တော့ ဘော်ဘီရဲ့ "ရိုးသားတဲ့ သဘာဝ" သာ ဖြစ်တယ်ဆိုတာကို သူသဘောပေါက်သွားခဲ့ပါတယ်။ ဒါပေမဲ့ စာအုပ်ဟာ ဝမ်းနည်းစရာနဲ့ပဲ ပြီးသွားတာမဟုတ်ပါဘူး။ ဘော်ဘီ့ကို ဆုံးရှုံးပြီးနောက် မေရီရဲ့ ပြောင်းလဲလာတဲ့ စိတ်နေစိတ်ထားက စာဖတ်သူကို အားတက်စေပါတယ်။ သူဟာ ကျမ်းစာတွေကို စေ့စေ့ပေါက်ပေါက် ပြန်လည်လေ့လာခဲ့ပြီး "ဘုရားသခင်ဟာ သားဖြစ်သူတင်မက လူသားတိုင်းကို ရှိရင်းစွဲအတိုင်းပဲ ချစ်တာပါလား" ဆိုတာကို သဘောပေါက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ PFLAG (LGBTQ+ မိသားစုများအတွက် အဖွဲ့အစည်း) ရဲ့ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်လာခဲ့ပါတော့တယ်။
ဆူဆိုက်ဒိုင်ယာရီ ဟာ အမုန်းတရားအကြောင်း မဟုတ်ဘဲ၊ နားလည်မှု နောက်ကျသွားတဲ့ မိခင်တစ်ယောက်ရဲ့ နောင်တနဲ့ အပြောင်းအလဲအကြောင်း ဖြစ်ပါတယ်။
ဒီစာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ၂၀၀၉ ခုနှစ်ထွက် ရုပ်ရှင်ကားကလည်း အင်မတန် နာမည်ကြီးပါတယ်။ ဇာတ်လမ်းအဆုံးက စီတန်းလှည့်လည်တဲ့အခန်းမှာလည်း ဘော်ဘီရဲ့ မိခင် မေရီကိုယ်တိုင် ပါဝင် သရုပ်ဆောင်ခဲ့ပါသေးတယ်။

Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁

အစ္ဆရိယရကန် စကားပြေ ၁