အစ္ဆရိယရကန် စကားပြေ အတွဲ ၁ နိရယဘုံ

Image
  လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တုန်းက လူတစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့ကို မတရားစွပ်စွဲပြီး နိုင်ငံကနေ နယ်နှယ်ဒဏ်ပေးခဲ့တဲ့အတွက် သူ့ရဲ့ ကျန်ရှိတဲ့ ဘဝတလျှောက်လုံးမှာ မွေးရပ်မြေကို လွမ်းဆွတ်ပြီး နေခဲ့ရတယ်။ ဒါကြောင့် သူဟာ သူများနဲ့မတူဘဲ သူရောက်နေတဲ့ နယ်မှာသုံးတဲ့ ဘာသာစကားနဲ့ ကဗျာတစ်ပုဒ်ရေးသားခဲ့တယ်။ ဒီကဗျာဟာ သိပ်ကို နာမည်ကြီးသွားပြီး ဒီကဗျာကို ရေးသားတဲ့ နယ်သုံး ဘာသာစကားဟာလည်း အခုခေတ်ရဲ့ နိုင်ငံတော် ဘာသာစကားဖြစ်လာခဲ့တယ်။ ဒီလောက်ဆို ဘယ်သူလဲ ခန့်မှန်းနိုင်လောက်ပြီ ထင်ပါတယ်။ ဒန္တေ အယ်လီဂီယာရီပါ။ သူ့ရဲ့ Divine Comedy ကဗျာကြီးဟာ ဘုံ ၃ ဘုံကို လှည့်လည်သွားလာတဲ့ ခရီးစဥ်ကို ဖော်ပြထားတာဖြစ်ပြီး အီတလီနိုင်ငံ ဖလောရင့်စ်မြို့ရဲ့ နိုင်ငံအတွင်း အကြောင်းအရာတွေ အားလုံးကို အခြေပြုထားပါတယ်။ သူဟာ ကဗျာကြီးကို Comedy လို့ပဲ အမည်ပေးခဲ့တာပါ။ ၁၃ ရာစုခေတ်က Comedy ဆိုတဲ့ အဓိပ္ပါယ်ဟာ ဟာသ သက်သက် မဟုတ်ခဲ့ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ဖြတ်သန်းပြီး အဆုံးမှာ ပျော်ရွှင်စရာနဲ့ အဆုံးသတ်သွားတဲ့ စာပေမျိုးကို ရည်ညွှန်းပါတယ်။ နောက်ပိုင်း ပုံနှိပ်တဲ့အခါမှာတော့ အယ်ဒီတာက Divine ဆိုတဲ့ စကားလုံးထည့်သွင်းခဲ့ပြီး ယနေ့ခေတ်အထိ Divin...

စာအုပ်မိတ်ဆက် ၁

 ၂၀၂၆ ရဲ့ ဖေဖော်ဝါရီလမှာ ဘာသာရေးနှင့်သိပ္ပံပညာ စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ သားငယ်စာပေတိုက်နဲ့ ပန်းဆက်လမ်းလို နေရာတွေမှာ မှာယူနိုင်ပါပြီ။

ဒါဟာ သက်ပိုင် (ဘာသာပြန်) ရဲ့ ၁၁ အုပ်မြောက်စာအုပ်လည်း ဖြစ်ပါတယ်။
မူရင်းစာအုပ်ဟာ On Faith and Science by Edward J Larson and Michael Ruse ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ တစ်ယောက်က သမိုင်းပညာရှင်ဖြစ်ပြီး တစ်ဦးဟာ ဒဿနပညာရှင်တစ်ဦးပါ။
စာအုပ်ထဲက အကြောင်းအရာတွေဟာ ဘာသာရေးနှင့် သိပ္ပံပညာ ဆိုတဲ့ ခေါင်းစဥ်အတိုင်းပဲ ခေါင်းစဥ်တစ်ခုကို အခြေပြုပြီး ဒဿနာပညာရှင်အမြင်နဲ့ တစ်လှည့်၊ သမိုင်းပညာရှင်ရဲ့ အထောက်အထားတွေနဲ့ တစ်လှည့် အချက်ပိုင်ပိုင် တင်ဆက်ထားတာကို တွေ့ရပါတယ်။
ဥပမာ - သမ္မာကျမ်းစာထဲက ကမ္ဘာဦးကျမ်းမှာ ဘုရားသခင်က ၆ ရက်နဲ့ ကမ္ဘာကို ဖန်ဆင်းတယ်ဆိုတဲ့အချက်ကို သမိုင်းဆရာက သိပ္ပံနည်းကျ ဒီလိုဖြေရှင်းပါတယ်။
ကမ္ဘာကြီးက ၆ရက်အတွင်း ဗြုန်းကနဲ ပေါ်လာတယ်ဆိုတာထက် ဘူမိမြေလွှာတွေရဲ့ ခေတ်တွေကို ရည်ညွှန်းနေပါတယ်တဲ့။ ကမ္ဘာကြီးရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၄.၅ ဘီလျံရှိပြီး သူဟာ အရင်က အင်မတန် ပူလောင်ခဲ့တယ်။ ဒါပေမဲ့ ရာသီဥတုတွေ ပြောင်းလဲလာခဲ့သလို မြေလွှာတွေကလည်း တစ်လွှာပြီး တစ်လွှာ အပေါ်ကနေ ထပ် ထပ်ပြီး ဆင့်လာခဲ့တယ်။ သမ္မာကျမ်းစာထဲက ရေကြီးခြင်းဆိုတာ တကယ်ဖြစ်နိုင်ပြီး တစ်ကြိမ်တည်း ဖြစ်ခဲ့တာ မဟုတ်ဘူးလို့ သမိုင်းဆရာက ဆိုတယ်။ ပြောချင်တာက အကြီးအကျယ် ရေကြီးတိုင်း မြေလွှာအသစ်တစ်ခု အပေါ်ကနေ ထပ်ထပ်ပြီး ပုံလာတာကို ဆိုလိုတာပါ။ ဒါကြောင့် ကျောက်ဖြစ်ရုပ်ကြွင်းတွေက ယနေ့ခေတ်မြေကြီးရဲ့ အောက်က အလွှာတွေအောက်မှာ ဖိခံလိုက်ရတာဖြစ်တယ်။
ဒီလိုနဲ့ ကမ္ဘာကြီးဟာ ပျမ်းမျှ ခြောက်ကြိမ်လောက် ရေလွှမ်းပြီး လူတွေ နေထိုင်လာနိုင်တဲ့ အခြေအနေကို ရောက်လာခဲ့တဲ့အကြောင်းကို ရှေးခေတ် လူတွေက သမ္မာကျမ်းစာထဲမှာ ကမ္ဘာကြီးကို ၆ရက်နဲ့ ဖန်ဆင်းခဲ့ကြောင်း တင်စားပြီး ရေးတာ ဖြစ်နိုင်တယ်လို့ သမိုင်းဆရာက ဆိုတယ်။
တစ်ခါ ဒဿနပညာရှင်ကလည်း လိင်နဲ့ လိင်ခွဲခြားမှုအကြောင်းမှာ အမျိုးသမီးတွေကို အမျိုးသားတွေက ဘာကြောင့် ခွဲခြားဆက်ဆံခဲ့ကြသလဲဆိုတဲ့ အတွေးအခေါ်ကို ရှင်းပြတယ်။ နည်းနည်းတော့ ရယ်စရာကောင်းမယ် ထင်တယ်။ အရင်က အမျိုးသမီးတွေဟာ သူတို့ရဲ့ လိင်အင်္ဂါက အမျိုးသားတွေလို အပြင်ထွက်နေတာမဟုတ်လို့ သူတို့ကို (လိင်အင်္ဂါကို မနာလိုသူများ) အဖြစ် ဒဿနပညာရှင် ဆစ်ဂမန် ဖရော့ဒ်က တွေးခဲ့ကြောင်း ရှင်းပြတယ်။ ပြီးတော့ ဘာသာအသီးသီးမှာ မိန်းမတွေကို ခွဲခြားကြောင်း (ဥပမာ - ဗုဒ္ဓဘာသာမှာ အမျိုးသမီးတွေကို ဘုရားဆုပန်ရင်တောင် အမျိုးသားဖြစ်ဖို့ အရင် ဆုတောင်းရလေ့ရှိကြောင်း) ကိစ္စတွေကို ချက်နဲ့လက်နဲ့ ရှင်းပြထားတယ်။
ဒီလို ကိစ္စတွေအပြင် အလယ်ခေတ်က စကြာဝဠာက ဘာကြောင့် ကြက်သွန်ပုံဖြစ်နေတာလဲ၊ ဘယ်သူတွေက ယနေ့ခေတ် စကြာဝဠာကို ပုံဖော်ခဲ့သလဲ၊ ဟစ်တလာက ဟိုလိုကော့စ် သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ၊ လူတွေကို အသားနဲ့ပြုလုပ်ထားတဲ့ ကွန်ပျူတာကို ယုံကြည်ခဲ့တဲ့အကြောင်း၊ ဒါဝင်ဝါဒ၊ လိင် နှင့် လိင်ကွဲပြားမှု ပြဿနာ၊ အနာဂတ်ကမ္ဘာမြေ၊ လူဘယ်ကစလဲ၊ လူဘယ်လို ဖွံ့ဖြိုးခဲ့သလဲ၊ လူ့အနာဂတ် ဘယ်ကိုသွားနေလဲ ဆိုတဲ့ အကြောင်းအရာ အစုံကို တစ်နေရာတည်းမှာ ဖတ်ရှုရမဲ့ စာအုပ်ဖြစ်ပါတယ်။

Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁

အစ္ဆရိယရကန် စကားပြေ ၁