အိမ်ဖော် ထွက်ပါပြီ
The Housemaid movie ဟာ ထင်မှတ်ထားတာထက်ကို
ပိုပြီး အောင်မြင်ခဲ့တဲ့အတွက် Sequel ဖြစ်တဲ့ The
Housemaid’s secret ကိုပါ လာမဲ့ ဒီဇင်ဘာမှာ ပြသတော့မှာ ဖြစ်ပါတယ်။
The Housemaid စာအုပ်ကလဲ စဖတ်လိုက်တာနဲ့ကို
လက်ထဲက မချနိုင်အောင် ဆွဲဆောင်သွားနိုင်တဲ့ စာအုပ်ပါ။ စာဖတ်သူရဲ့ သိလိုစိတ်ကို
ထိုးဆွပြီး အခန်းတစ်ခန်းနဲ့တစ်ခန်း အချိတ်အဆက်ကောင်းတာမို့ အခန်း ၆၀ ကျော်ကို
တစ်ထိုင်တည်း ဖတ်ဖြစ်တယ်လို့ နာမည်ကြီးပါတယ်။
The Housemaid by Freida Mcfadden #အိမ်ဖော် စာအုပ်ကို #ပန်းဆက်လမ်း ကနေ ဖြန့်ချီနေပါပြီ။ စာအုပ်နဲ့
ရုပ်ရှင်ရဲ့ အံ့သြစရာကောင်းတဲ့ ခြားနားချက်တွေကို ဖတ်ရှုနိုင်ပါပြီ။
#ပန်းဆက်လမ်းစာညွှန်း
Netflix ရုပ်ရှင်အဖြစ် အောင်မြင်ထားပြီး…
ကမ္ဘာတစ်ဝှန်း စာဖတ်သူသန်းပေါင်းများစွာကို
စွဲလမ်းစေခဲ့တဲ့ Psychological Thriller
Bestseller
“နောက်စာမျက်နှာမှာ ဘာဖြစ်မလဲ” ဆိုတာကို
မရပ်နိုင်အောင် ဖတ်သွားရမယ့် Plot Twist
Thriller!
ထောင်က လွတ်လာကာစ၊ အလုပ်တစ်ခုကို
အသည်းအသန်လိုအပ်နေတဲ့ မီလီ ဟာ ချမ်းသာတဲ့ ဝင်ချက်စတာ မိသားစုအိမ်မှာ အိမ်ဖော်အဖြစ်
အလုပ်ရသွားပါတယ်။
ဒါပေမယ့်…
အိမ်ရှင်မ နီနာ က ခန့်မှန်းလို့မရတဲ့
အပြုအမူတွေ၊ စိတ်အပြောင်းအလဲတွေကြောင့် မီလီကို နေ့စဉ်နှိပ်စက်သလို ဖြစ်နေပါတယ်။
အိမ်ရှင် အင်ဒရူး ကတော့ ရုပ်ချော၊
သဘောကောင်းပြီး မီလီ့ဘက်က ရပ်တည်ပေးနေတဲ့ လူတစ်ယောက်လို မြင်ရပါတယ်။
ဒါပေမယ့်…
ဒီအိမ်ကြီးထဲမှာ မြင်နေရတာတွေက အမှန်တရား
မဟုတ်ပါဘူး။
လူတိုင်းမှာ ဖုံးကွယ်ထားတဲ့
လျှို့ဝှက်ချက်တစ်ခုစီ ရှိနေပြီး၊ ယုံကြည်မိတဲ့သူကပဲ အန္တရာယ်အကြီးဆုံး
ဖြစ်လာနိုင်ပါတယ်။
မီလီရဲ့ အတိတ်၊ နီနာရဲ့ အပြုအမူ၊ အင်ဒရူးရဲ့
မျက်နှာဖုံး…
ဘယ်အရာက အမှန်လဲ… ဘယ်သူက လိမ်နေတာလဲ…
အဆုံးသတ်ရောက်မှ အရာအားလုံး
ပြောင်းပြန်ဖြစ်သွားမယ့် Plot Twist တွေက ဒီဝတ္ထုရဲ့
အကြီးမားဆုံး ဆွဲဆောင်မှုပါ။
စိတ်ပိုင်းဆိုင်ရာဒရာမာ၊ သည်းထိတ်ရင်ဖိုမှု၊
စိတ်ခံစားမှု အားပြိုင်မှုတို့ကို ကျွမ်းကျင်စွာ ပေါင်းစပ်ထားတဲ့ The
Housemaid ဟာ စွဲလမ်းမှု၊ အာဏာနဲ့ သစ္စာဖောက်မှုတို့ရဲ့
အမှောင်ဘက်ကို တဖြည်းဖြည်း ဖော်ထုတ်ပေးသွားမယ့် Thriller ဝတ္ထုကောင်းတစ်အုပ်
ဖြစ်ပါတယ်။
Psychological Thriller နဲ့ Plot Twist ကြိုက်တဲ့ စာဖတ်သူတွေဆိုရင်တော့ လက်မလွှတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။
Comments
Post a Comment