ဩဒစ္ဆေ မော်ကွန်း စကားပြေ စာအုပ်ထွက်ရှိပါတော့မယ်

 ကမ္ဘာ့ ဂန္ထဝင် စာအုပ်များ စာရင်းမှာ အမြဲလိုလို ၁ ချိတ်နေတဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ ဟုမ္မာရဲ့ ဩဒစ္ဆေ စာအုပ် ထွက်ရှိပါတော့မယ်။

ဒီစာအုပ်ဟာ အနောက်တိုင်း စာပေရဲ့ အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်တာမို့ ဖြည်းဖြည်းချင်း ဖတ်ပြီး တစိမ့်စိမ့် တွေးရမဲ့ စာအုပ်ကောင်းမျိုးဖြစ်ပါတယ်။
အိုဒစ်စီးယပ်စ်ရဲ့ စွန့်စားခန်းတွေ၊ လူသားဆန်မှုတွေနဲ့ ကောင်းမှု၊ဆိုးမှု အားပြိုင်မှုတွေ၊ ထူးခြားဆန်းပြားတဲ့ မိစ္ဆာရန်စွယ်တွေအကြောင်းကို မူရင်းအတိုင်း ဘာသာပြန်ဆိုထားပြီး လိုအပ်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ စာညွှန်းတွေကိုပါ ထည့်သွင်းပေးထားပါတယ်။
နတ်ဘုရားတွေအကြောင်းနဲ့ စွန့်စားခန်းတွေကို ပုံပြင်တွေ၊ ရုပ်ရှင်တွေနဲ့ ကာတွန်းတွေဖတ်ပြီး စိတ်ကူးယဥ်ခဲ့ရတဲ့ သက်ပိုင်ဆိုတဲ့ ဘာသာပြန်သူတစ်ယောက်အတွက် မှတ်တိုင်တစ်ခုဆိုလည်း မမှားပါဘူး။
ခန့်ချုပ်ဖြစ်တဲ့အတွက် စာအုပ်အဖုံးကောင်းကောင်းနဲ့ လှလှပပ သိမ်းဆည်းလို့ရမဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ ကံ့ကော်ဝတ်ရည် စာအုပ်တိုက်မှ မှာယူနိုင်ပါပြီခင်ဗျာ။

ကံ့ကော်ချစ်သူ…
သင့်အိမ်က စာအုပ်စင်ရဲ့ ဂုဏ်ကျက်သရေကို မြှင့်တင်ပေးမယ့် ရတနာတစ်ပါး လာပါတော့မယ်။
Homer ရဲ့ The Odyssey ပါ ⛵
The Odyssey ဟာ ကမ္ဘာ့စာပေသမိုင်းမှာ သြဇာအရှိဆုံး ဂန္ထဝင်မော်ကွန်းကဗျာရှည် (Epic Poem) တွေထဲက တစ်ပုဒ်ဖြစ်ပြီး စာပေလေ့လာသူတိုင်း မဖတ်မဖြစ် ဖတ်သင့်တဲ့ စာရင်းထဲမှာ ပါဝင်ပါတယ်။
ဘယ်ခေတ်၊ ဘယ်အချိန် ပြန်ကြည့်ကြည့် ကမ္ဘာ့ဂန္ထဝင်စာရင်းတွေရဲ့ ထိပ်ဆုံးမှာ အမြဲပါဝင်နေတဲ့ လက်ရာတစ်ခု ဆိုရင်လည်း မမှားပါဘူး။
ဒီစာပေလက်ရာဟာ ဂရိနဲ့ ရောမယဉ်ကျေးမှုအပေါ် အခြေခံတည်ဆောက်ထားတဲ့ အနောက်တိုင်းစာပေသမိုင်း (Western Literature) ရဲ့ အုတ်မြစ်တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ ဂန္ထဝင်မော်ကွန်းလက်ရာလို့တောင် တင်စားကြပါတယ်။
သူရဲကောင်းတစ်ဦးရဲ့ စွန့်စားခန်းတွေကို ကြီးကျယ်ခမ်းနားစွာ ဖော်ပြထားတဲ့ Epic အမျိုးအစားထဲမှာ ပါဝင်ပြီး ခေတ်သစ်ဝတ္ထုတွေ မပေါ်ပေါက်ခင်ကတည်းက ရှိခဲ့တဲ့ ပုံပြင်ပြောခြင်း အနုပညာရဲ့ အရေးကြီးဆုံး လက်ရာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
The Odyssey ရဲ့ မူရင်းလက်ရာကို ကဗျာပုံစံနဲ့ ရေးသားထားတာဖြစ်ပါတယ်။ နောက်ပိုင်း ခေတ်အဆက်ဆက်မှာ စာပေပညာရှင်များက မူရင်းရသ မပျက်စေဘဲ စကားပြေပုံစံနဲ့ ပြန်ဆိုထားတဲ့ version တွေ ပေါ်ထွက်လာခဲ့ပါတယ်။ ခု မြန်မာဘာသာပြန်စာအုပ်ဟာ အဲဒီ စကားပြေမူတွေထဲကမှ ပြန်ဆိုထားခြင်းပါ။
အံ့ဘနန်း ဆန်းကြယ်လှတဲ့ ဇာတ်လမ်းကျောရိုးမှာ စိတ်ဝင်စားဖွယ် ဇာတ်ကောင်တွေ၊ ဂရိနတ်ဘုရားတွေ၊ ဘီလူးတွေ၊ ထူးဆန်းတဲ့ ကျွန်းစုတွေနဲ့ ဒဏ္ဍာရီဆန်တဲ့ စွန့်စားခန်းတွေ ပါဝင်တာကြောင့် Greek Mythology ထဲမှာလည်း အလွန်အရေးပါပါတယ်။
အဓိကဇာတ်လိုက် Odysseus ဟာ ထရိုဂျင်စစ်ပွဲ (Trojan War) အပြီး အိမ်ပြန်နိုင်ဖို့ ဆယ်နှစ်ကြာအောင် ခက်ခက်ခဲခဲ စွန့်စားခဲ့ရတဲ့ ခရီးစဉ်ကို ဒီစာအုပ်က ခမ်းနားစွာ ဖော်ပြထားပါတယ်။ ဒါ့အပြင် လူသားတို့ရဲ့ စိတ်သဘောသဘာဝနဲ့ စိတ္တဗေဒ (Psychology) ကိုလည်း အနုပညာမြောက်မြောက် ပုံဖော်ထားတာ ဖတ်ရှုရပါမယ်။
ဝတ္ထုရှည် (Novel) ပုံစံ မဟုတ်ဘဲ ကဗျာ (Poem) အနေနဲ့ စတင်ခဲ့ပေမယ့် ခေတ်သစ်ဝတ္ထုတွေရဲ့ အရေးအသားပုံစံနဲ့ storytelling technique တွေကို အစပျိုးပေးခဲ့တဲ့ ဂန္ထဝင်လက်ရာကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ကံ့ကော်ဝတ်ရည်က မြန်မာဘာသာပြန်အဖြစ် တင်ဆက်လိုက်ပါပြီ။
မြန်မာပြန်ထားသူက သက်ပိုင် ဖြစ်ပါတယ် ။
မှာယူနိုင်ပါပြီခင်ဗျာ 🫶🏻
📕 သက်ပိုင် - ဩဒစ္ဆေမော်ကွန်း
(Homer's Odyssey)
☘️ တန်ဖိုး - ၄၃၀၀၀ ကျပ် • စာမျက်နှာ - ၅၄၄ 📖
*စက္ကူဖြူ-ချော (Wood-free)
*ခန့်ချုပ် (Hard Cover)
📚 ကံ့ကော်ဝတ်ရည်စာပေမှ ပထမအကြိမ် ထုတ်ဝေဖြန့်ချိခြင်း။
🌐 စာမြည်းကို First Comment မှာ ဖတ်ရှုနိုင်ပါတယ်။
စာအုပ်ထွက်ရှိခြင်း အမှတ်တရအဖြစ် ၅.၆.၂၀၂၆ နေ့အထိ ဒီစာအုပ်ကို ကံ့ကော်ဝတ်ရည်စာပေမှ တိုက်ရိုက်မှာယူသူများအနေဖြင့် ၂၀% လျှော့‌ဈေး (၃၄၄၀၀) ကျပ်ဖြင့် ဝယ်ယူနိုင်ပါမည်။
ကံ့ကော်ဝတ်ရည်မှ အိမ်အရောက် မှာယူလိုပါက -
စာအုပ်ပို့ဆောင်ခမှာ ရန်ကုန်မြို့တွင်း Delivery ပို့ခ - ၂၀၀၀ ကျပ်။
မြို့တွင်းသတ်မှတ်မြို့နယ် မပါသောမြို့နယ်များနှင့် နယ်မြို့များအတွက် စာတိုက်မှ ပို့ဆောင်ခအတိုင်းသာ ကျသင့်ပါမည်။
ကားဂိတ်မှတစ်ဆင့် ပို့ဆောင်လိုပါကလည်း ပို့ဆောင်ပေးပါသည်။
ရန်ကုန်၊ မန္တလေးနှင့် မြန်မာနိုင်ငံမြို့ကြီးများရှိ စာအုပ်အရောင်းဆိုင်ကြီးများတွင်လည်း မေးမြန်း ဝယ်ယူနိုင်ပါတယ်ခင်ဗျာ ...
𝐊𝐚𝐧𝐭 𝐊𝐚𝐰 𝐖𝐮𝐭 𝐘𝐞𝐞 🌺
အမှတ် ၅၁၊ ရေကျော်လမ်းမကြီး၊ ပုဇွန်တောင်မြို့နယ် (09250012348 & 09443041137)

Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁

အစ္ဆရိယရကန် စကားပြေ ၁