အစ္ဆရိယရကန် စကားပြေ အတွဲ ၁ နိရယဘုံ

Image
  လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တုန်းက လူတစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့ကို မတရားစွပ်စွဲပြီး နိုင်ငံကနေ နယ်နှယ်ဒဏ်ပေးခဲ့တဲ့အတွက် သူ့ရဲ့ ကျန်ရှိတဲ့ ဘဝတလျှောက်လုံးမှာ မွေးရပ်မြေကို လွမ်းဆွတ်ပြီး နေခဲ့ရတယ်။ ဒါကြောင့် သူဟာ သူများနဲ့မတူဘဲ သူရောက်နေတဲ့ နယ်မှာသုံးတဲ့ ဘာသာစကားနဲ့ ကဗျာတစ်ပုဒ်ရေးသားခဲ့တယ်။ ဒီကဗျာဟာ သိပ်ကို နာမည်ကြီးသွားပြီး ဒီကဗျာကို ရေးသားတဲ့ နယ်သုံး ဘာသာစကားဟာလည်း အခုခေတ်ရဲ့ နိုင်ငံတော် ဘာသာစကားဖြစ်လာခဲ့တယ်။ ဒီလောက်ဆို ဘယ်သူလဲ ခန့်မှန်းနိုင်လောက်ပြီ ထင်ပါတယ်။ ဒန္တေ အယ်လီဂီယာရီပါ။ သူ့ရဲ့ Divine Comedy ကဗျာကြီးဟာ ဘုံ ၃ ဘုံကို လှည့်လည်သွားလာတဲ့ ခရီးစဥ်ကို ဖော်ပြထားတာဖြစ်ပြီး အီတလီနိုင်ငံ ဖလောရင့်စ်မြို့ရဲ့ နိုင်ငံအတွင်း အကြောင်းအရာတွေ အားလုံးကို အခြေပြုထားပါတယ်။ သူဟာ ကဗျာကြီးကို Comedy လို့ပဲ အမည်ပေးခဲ့တာပါ။ ၁၃ ရာစုခေတ်က Comedy ဆိုတဲ့ အဓိပ္ပါယ်ဟာ ဟာသ သက်သက် မဟုတ်ခဲ့ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ဖြတ်သန်းပြီး အဆုံးမှာ ပျော်ရွှင်စရာနဲ့ အဆုံးသတ်သွားတဲ့ စာပေမျိုးကို ရည်ညွှန်းပါတယ်။ နောက်ပိုင်း ပုံနှိပ်တဲ့အခါမှာတော့ အယ်ဒီတာက Divine ဆိုတဲ့ စကားလုံးထည့်သွင်းခဲ့ပြီး ယနေ့ခေတ်အထိ Divin...

စာအုပ်မိတ်ဆက် ၆

 ၂၀၂၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ကံကောင်းခြင်းမိတ်ဆွေ စာအုပ်ဟာ မူရင်း Skellig by David Almond ကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်ထုတ် ဆုရ ကလေးဝတ္ထုဟာ Magical realism အမျိုးအစားဖြစ်ပါတယ်။
လဝန်းရိပ်စာပေကနေ မှာယူနိုင်ပါတယ်။
ဒါဟာ သက်ပိုင် (ဘာသာပြန်) ရဲ့ ၆ အုပ်မြောက် စာအုပ်ဖြစ်ပါတယ်။
၁၀ နှစ်သားအရွယ် မိုက်ကယ်တို့ မိသားစု အိမ်အသစ်ကို ပြောင်းလာခဲ့တဲ့ အခန်းကနေ ဇာတ်လမ်းကို စထားပါတယ်။ အဖေက ပြောင်းလာတဲ့အိမ်ကို ပြန်ပြင်ဆင်တာနဲ့ အလုပ်များနေသလို အမေကလည်း နို့စို့အရွယ် မိုက်ကယ့်ညီမလေးက ချူချာတာမို့ ဆေးရုံမှာပဲ မျက်ခြေမပြတ် ကြည့်နေရတဲ့အတွက် မိုက်ကယ်ဟာ နေရာအသစ်မှာ တစ်‌ယောက်တည်း ပျင်းနေခဲ့ပါတော့တယ်။
ဒီလိုနဲ့ မိုက်ကယ်ဟာ အိမ်နီးနားချင်းဖြစ်တဲ့ မီနာဆိုတဲ့ ကောင်မလေးနဲ့ စပြီး သိကျွမ်းလာပါတော့တယ်။ မီနာက ထူးဆန်းတယ်။ မိုက်ကယ်နဲ့ သက်တူဖြစ်ပေမဲ့ မီနာက ကျောင်းမနေဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ မီနာက အိမ်မှာပဲ သူ့အမေက စာသင်ပေးတာကို သဘောကျတဲ့ သူမို့လို့ပါ။
မိုက်ကယ်တစ်ယောက် အိမ်ထဲမှာ ဆော့နေရင်း ဂိုဒေါင်ထဲမှာ လူလိုလို၊ ငှက်လိုလို သတ္တဝါကြီးတစ်ကောင်ကို တွေ့လိုက်ရပါတော့တယ်။ ဒီသတ္တဝါကြီးက ဘာလဲဆိုတာ သူမသိပေမဲ့ မိုက်ကယ်ကတော့ သူ့ကို သူငယ်ချင်းတစ်ယောက်လို့ မှတ်ယူကာ သူတို့ သားအဖတွေ ညစာစားပြီးတိုင်း ကျန်တဲ့ အကြွင်းအကျန်တွေကို သွားကျွေးလေ့ရှိပါတယ်။ ဒီသတ္တဝါကြီးဟာ တကယ်တော့ ကံကောင်းခြင်းတွေကို ဆောင်ယူလာပေးမဲ့ သတ္တဝါကြီး ဖြစ်တယ်ဆိုတာ မိုက်ကယ် မသိခဲ့ပါဘူး။ သူ့ရဲ့ ကလေးဆန်ဆန်နဲ့ သူငယ်ချင်းကောင်းတစ်ယောက်လိုလားခဲ့တဲ့ ဆန္ဒကိုပဲ စာအုပ်က အကောင်းဆုံး ဖော်ပြနိုင်ခဲ့တာမို့လည်း ‘ကံကောင်းခြင်းမိတ်ဆွေ’ စာအုပ်ဟာ Carnegie Medal and Whitbread Children’s book of the year ဆုတွေကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁

အစ္ဆရိယရကန် စကားပြေ ၁