မြန်မာနိုင်ငံရဲ့ တန်ဖိုးနည်း ထုတ်ကုန်တစ်ခု

Image
  “We are one and we rise by lifting others. Women can do anything…..” စာသားကို မသိထားရင် နားတောင် မလည်လောက်တဲ့ မီးကျိုးမောင်းပျက် အင်္ဂလိပ်စာ တစ်ပိုဒ်ကို ၁၀ တန်းကျောင်းသား အလွတ်ကျက်ထားတဲ့ အက်ဆေးတစ်ပုဒ်လို မေ့မသွားအောင် ရွတ်ပြနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဗီဒီယို တစ်ပုဒ်ကို ကြည့်မိလိုက်တယ်။ သူ့ရည်ရွယ်ချက်က မြန်မာနိုင်ငံကို ကိုယ်စားပြုချင်တဲ့ အလှမယ်တစ်ယောက် ဖြစ်ချင်တာတဲ့။ ဒီအထိက ပြဿနာမရှိသေးပါဘူး။ ဒါပေမဲ့ သူကိုယ်စားပြုတဲ့ မြို့နယ် (သို့) တိုင်းဒေသကို မိတ်ဆက်တဲ့အခါမှာတော့ စပ်စလူး နတ်ပူးသလို အပမှီသလို မျောက်လက်ထဲ ငါးပိထည့်မိသလို ခုန်ပေါက်ပြီး အသံသေး အသံကြောင်နဲ့ အော်လိုက်တဲ့အခါမှာတော့ စောစောက သူ့အပေါ် လေးစားမိတဲ့ ရှိစုမဲ့စု လေးစားသမှုတောင် ဖြတ်ခနဲဆိုသလို ပျောက်ကွယ်သွားတယ်။ ဒီအပြုအမူက အမျိုးသမီးတွေရဲ့ စွမ်းအားကို ကိုယ်စားပြုချင်တယ်ဆိုတဲ့ သူ့ပြယုဂ်လား။ ဒိုင်အမျိုးသားတွေ ကြိုက်ပြီး အမှတ်ပေးအောင်၊ ပရိတ်သတ်ထဲက ယောက်ျားတွေအမြင်မှာ သူ့ကို လိင်ပြယုဂ် (sex appeal) အဖြစ် မြင်လာပြီး အင်တာနက်ကနေ လူကြိုက်များတဲ့ မဲရအောင် ရှိသမျှကို ဖော်ပြ လှုပ်ခါပြီး လမ်းလျှောက်ပြတဲ့ သူဟာ ဆက်ကပ်ထဲက မျောက်ဘဝကို ရ...

စာအုပ်မိတ်ဆက် ၂

 "ရှင် ဒီတိပ်ခွေကို နားထောင်နေရပြီဆိုရင်... ရှင်ဟာ ကျွန်မကို သေစေခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ"

၂၀၂၃ မှာ ထွက်ရှိခဲ့တဲ့ နွမ်းလျငှက်ငယ် စာအုပ်ဟာ 13 Reasons Why by Jay Asher ကို ဘာသာပြန်ဆိုခဲ့တာ ဖြစ်ပါတယ်။ စာရိပ်မြိုင်စာပေတိုက်ကနေ မှာယူနိုင်ပါတယ်။
ဒါဟာ သက်ပိုင် (ဘာသာပြန်)ရဲ့ ၁၀ အုပ်မြောက်စာအုပ် ဖြစ်ပါတယ်။
Netflix series တွေထဲမှာ ထိပ်တန်းစာရင်းစွဲခဲ့တဲ့ လူငယ် ဒရမ်မာ စီးရီးဖြစ်ခဲ့ပြီး စာအုပ်ပါ အကြောင်းအရာ (ကိုယ့်ကိုယ်ကိုယ် Thayကြောင်းကြံစည်ခြင်း နှင့် Ah-Dammaပြုကျင့်ခံရခြင်း) တို့ကြောင့်လည်း နိုင်ငံတကာ ကျောင်းတွေမှာ ဘန်းခံခဲ့ရတဲ့ စာအုပ်ဖြစ်ပါတယ်။ မူရင်းစာအုပ်ကို ၂၀၀၇ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။
ဇာတ်လမ်းဟာ ရိုးရှင်းမလိုနဲ့ ဆန်းပါတယ်။ ကလေး ဂျန်ဆန်ဆိုတဲ့ အထက်တန်း ကျောင်းသားတစ်ယောက်က တစ်နေ့တော့ ကျောင်းကနေ အိမ်ပြန်အရောက်မှာ အိမ်ကို ပါဆယ်တစ်ခုရောက်နေတာကို တွေ့လိုက်ရတယ်။ သူလည်း ပါဆယ်ဘူးကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ တိတ်ခွေ ၇ချပ်ကိုတွေ့ရပြီး တိပ်တစ်ချပ်ချင်းစီမှာ 1A, 1B, 2A,2B ဆိုတဲ့ အညွှန်းကို လက်သည်းနီနဲ့ ရေးထားတာ သူသတိထားမိလိုက်တယ်။ ဒီလိုနဲ့ သူ ခပ်ပေါ့ပေါ့ပဲ ထားပြီး အိမ်က ရေဒီယို အဟောင်းတစ်ခုကို ရှာကာ 1A တံဆိပ်တပ်ထားတဲ့ တိပ်ခွေကို စနားထောင်လိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ကမ္ဘာဟာ ဇောက်ထိုးမိုးမျှော်ဖြစ်သွားခဲ့ရပါတော့တယ်။ ဒီတိပ်ခွေထဲက အသံဟာ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကပဲ သူတို့ အထက်တန်းကျောင်းမှာ ကိုယ့်ကိုယ်ကိုယ် Thet Thay သွားခဲ့တဲ့ ကျောင်းသူ ဟန်နာဘိတ်ကာဆိုတဲ့ ကောင်မလေးရဲ့ အသံကို သူကြားလိုက်ရလို့ပါပဲ။
ဟန်နာဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီမြို့လေးကို ပြောင်းလာတဲ့ ကျောင်းသူ အသစ်ပါ။ ကျောင်းသူအသစ်ဖြစ်တဲ့အတိုင်း နေရာအသစ်မှာ ဝင်ဆံ့ဖို့ သူကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူကြိုမတွက်ထားမိခဲ့တာကတော့ အထက်တန်းကျောင်းက ကျောင်းသားတွေဟာ သူထင်ထားတာထက် ပိုပြီး ရက်စက်တတ်တယ်ဆိုတာပါပဲ။ သူငယ်ချင်းတွေလို့ သူသတ်မှတ်ထားတဲ့လူတွေက သူ့နောက်ကျောကို ဓါးနဲ့ထိုးတယ်၊ မိန်းကလေးအချင်းချင်းလည်း ဖေးမပေးတာ မရှိတဲ့အပြင် ရည်းစားသနာကိစ္စနဲ့ ပြဿနာတက်ကြတယ်၊ကျောင်းမှာ ဘယ်သူမှ လူမထင်တဲ့ လူကုံထံမိသားစုက ကျောင်းသားကလည်း သူ့ကို Ah-Damma ပြုကျင့်ခဲ့တယ်၊ နောက်ဆုံး သူ မိဘတွေကို မပြောရဲလို့ ကျောင်းက အတိုင်ပင်ခံဆရာမကို သွယ်ဝိုက်ပြီး သွားပြောကြည့်တော့လည်း သူလုံးဝ အကူအညီမရခဲ့ပြန်ဘူး။ သူ့ရဲ့ ပြဿနာတွေဟာ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို လူတစ်ယောက်ကိုပါ ကားမတော်တဆမှုနဲ့ သေစေခဲ့တဲ့အတွက် အရာအားလုံးကို လွှတ်ချလိုက်ချင်တဲ့ ဟန်နာဘိတ်ကာဟာ တကယ်ပဲ နောက်ဆုံးမှာ အရာအားလုံးကို လက်လျှော့ခဲ့ပါတော့တယ်။
သူ့ဘဝဟာ ပတ်ဝန်းကျင်ဆိုတဲ့ လှောင်အိမ်ထဲမှာ ပိတ်မိနေပြီး ပင်ပန်းနေတဲ့ ငှက်ကလေးတစ်ကောင်နဲ့ ဆင်တူပါတယ်။
ဒါပေမဲ့ သူဟာ သူ့ကို ဒီလိုကျူးလွန်စေခဲ့တဲ့ သူတွေကို သူဘာကြောင့် ဒီလို လုပ်ခဲ့သလဲဆိုတာကို သိစေချင်ခဲ့တယ်။ ဒီလူတွေကို သူ ထပ်မလုပ်အောင် သတိပေးချင်ခဲ့တယ်။ ဒါကြောင့်လည်း သူဟာ တိပ်ခွေတွေနဲ့ အသံသွင်းပြီး သူ့ကို အဆုံးစွန်ထိရောက်အောင် တွန်းပို့ခဲ့တဲ့ အကြောင်းအရင်း ၁၃ ချက်ကို သူချန်ရစ်ခဲ့ပါတယ်။
နွမ်းလျငှက်ငယ်စာအုပ်ဟာ အမေရိကန်ကျောင်းတွေရဲ့ ကလေးချင်း အနိုင်ကျင့်တဲ့ကိစ္စကို မီးမောင်းထိုးပြထားတာမို့ လူငယ်များနဲ့ မိဘများအကြားမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့ရပါတယ်။ နောက်ပြီး စီးရီးထွက်ရှိချိန်မှာလည်း အကယ်၍ ကိုယ့်ကိုယ်ကိုယ် ဖွင့်ပြောပေးဖို့ လူတယောက်ယောက် အနားမှာ မရှိနေဘူးလို့ ခံစားရရင် www.wannatalkaboutit.com ကိုသွားပြီး ခံစားချက်တွေကို ဖွင့်ဟဖို့ သရုပ်ဆောင်တွေကိုယ်တိုင် ကမ်ပိန်းမှာ ပါဝင်ကာ လူငယ်တွေ Thay ကြောင်းကြံစည်မှု လျှော့ချရေးအတွက် ပူးပေါင်းခဲ့ကြပါသေးတယ်။

Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁

အစ္ဆရိယရကန် စကားပြေ ၁