The Lost Luggage အခန်း (၂) (က) ဟိုတယ်ခန်းသို့ရောက်သည်နှင့် ကြက်သွေးရောင် ခရီးဆောင်အိတ်ကို အခန်းဘေးချပြီး သီတာတင့် အိပ်ရာပေါ် ပစ်လှဲချလိုက်သည်။ လွန်ခဲ့သည့် တစ်နာရီအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သီတာတင့်အတွက် အဓိပ္ပါယ် ရှိမနေပေ။ အမှန်ဆိုလျှင် လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိဘူးဆိုတာ နည်းတဲ့ ပြဿနာတော့မဟုတ်။ သို့သော် သီတာတင့် စိတ်ကို ငြိမ်ငြိမ်ထားပြီး ကောင်းကောင်း ဖြေရှင်းဖို့ ကြိုးစားခဲ့သည်။ “ For shopping” ‘စျေးဝယ်ထွက်ဖို့ပါ’ ဟု ဖြေလိုက်သော သီတာတင့်ကို အရာရှိမလေးက ခြေအဆုံးခေါင်းအဆုံး အကဲခတ်လိုက်သည်။ ထို့နောက် အရာရှိမလေးသည် ကွန်ပျူတာစကရင်ကို ပြန်ကြည့်ပြီး တစ်ခုခုကို စစ်ဆေးနေသည်။ သီတာတင့်က သူ့ကို ပြုံးပြပြီး သူ့လက်ထဲရှိ ဟိုတယ်ဘွတ်ကင်နှင့် လေယာဥ်လက်မှတ်တို့ကိုလည်း ထိုးပေးလိုက်၏။ ထို့နောက် အရာရှိမလေးက သူ့ကို မေးခွန်းတစ်စုံတရာမမေးတော့ဘဲ ရှေ့က ခရီးသည်များကဲ့သို့ပင် မျက်လုံးစကန်နှင့်အတူ လက်ဆယ်ချောင်းတို့ကိုပါ စကန်ဖတ်ပြီး နှုတ်ဆက်လိုက်လေတော့သည်။ အရာရှိမလေးထံမှ မီးစိမ်းပြတော့မှပဲ သီတာတင့်လည်း သက်ပြင်းလေးခိုးချရသည်။ သို့မဟုတ်လျှင်လည်း ပြဿနာတော့မရှိ။ အရာရှိမလေးထံသိ...
Posts
Showing posts from September, 2025
- Get link
- X
- Other Apps
The lost luggage အခန်း (၁) “ လူကြီးမင်းများရှင်။ ကျွန်မတို့ရဲ့ အာရှမြန်မာလေယာဥ်ဟာ မကြာမီအချိန်အတွင်းမှာပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်ကို ဆင်းသက်တော့မှာဖြစ်ပါတယ်။ ခရီးသည်များအားလုံး မိမိတို့ရဲ့ ထိုင်ခုံက လုံခြုံရေးခါးပတ်များကို သေချာစွာ တပ်ဆင်ထားဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဒေသစံတော်ချိန် ည ၁၀နာရီ ၃၅ မိနစ် ဖြစ်ပါတယ်ရှင်” လေယာဥ်မယ်၏ အသံကြောင့် ခရီးသည် အမျိုးသမီး၏ မှေးစပြုနေသော မျက်လုံးတို့ ပွင့်သွားသည်။ အမျိုးသမီးက သူလွယ်ထားသော အိတ်ကို လှန်လှောကြည့်လိုက်သည်။ ‘ပါ့စ်ပို့ ပါပြီ၊ ဘွတ်ကင်နဲ့ ဒီပါချာကတ်လည်းပါပြီ။ အေးဆေးပါ။ အဆင်ပြေသွားမှာပါ ” ဟု အမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။ ဒီခရီးစဥ်က သူ့အတွက်တော့ ဘန်ကောက်မြို့ကို ပထမဆုံး ထွက်လာဖူးတဲ့ ခရီးစဥ်ပဲ မဟုတ်ပါလား။ ဘေးဘီက ခရီးသည်အချို့ကလည်း သူ့လိုပဲ လက်ဆွဲအိတ်တို့၊ ကျောပိုးအိတ်တို့ကို လှန်လှောကာ စာရွက်စာတန်းများ ပြင်ဆင်နေကြသည်ကို တွေ့လိုက်ရ၍ အမျိုးသမီးသည် စိတ်သက်သာရာရသွားသည်။ ‘ သူတို့လည်း ငါ့လိုပဲ စိတ်လှုပ်ရှားနေကြတယ်ထင်ပါရဲ့’ လေယာဥ်ကြီး မြေပြင်နှင့် တဖြည်းဖြည်း နီးကပ်လာသောအခါ အောက်ခြေရှိ လင်းလက်နေသော လမ...
- Get link
- X
- Other Apps

လင်္ကာပိုဒ် (၉၆) မှ (၁၅၅) အက်သီနာ မှ တယ်လစ်မက္ကပ်စ်ဆီသို့ ရောက်ရှိလာခန်း ထိုသို့ဆိုပြီးသောအခါ နတ်သမီးသည် အရောင်အ၀ါ ထွန်းလင်းတောက်ပသော ရွှေကြိုးသိုင်းဖိနပ်ကို စီးကာ ကျယ်ပြန့်လှသော မြေပြင်ကို လေ၏အလျင်ဖြင့် စီးနင်းလျက် အစ်သက္ကတိုင်းပြည်သို့ သက်ဆင်းဖို့ရာ ပြင်ဆင်ပေတော့သည်။ အက်သီနာသည် သူ၏အမျက်ကိုရှတော်မူသော လူသားများနှင့် သူရဲကောင်းများကို ချေမှုန်းရာတွင် အသုံးပြုသော ချွန်ထက်သည့် ကြေးသတ္တုချွန်းတပ်ထားသည့် ကြီးမားကြံ့ခိုင်ကာ သန်မာလှသော လှံတံကိုလည်း တပါတည်း ဆောင်ယူလာလေ၏။ ထို့နောက် သူသည် အိုလံပတ်စ် တောင်ထိပ်မှ အစ်သက္ကပြည်သို့ ပျံသန်းလာကာ အိုဒစ်စီးယပ်စ်၏ အိမ်တော် တံခါး၀ ဖိနပ်ချွတ်အဆင့်တွင် ကြေးလှံတံကို လက်ကကိုင်စွဲလျက် မိမိကိုယ်ကို လည်း တာဖီယန် (၂၉) နွယ်၀င်တို့၏ ခေါင်းဆောင် မန်းတီးစ် (၃၀) အဖြစ်သို့ ဖန်ဆင်းကာ မတ်တပ်ရပ်နေလေသည်။ အိမ်တော်တံခါး၀တွင် ကြင်ယာလောင်းလျာများ များသည် ၎င်းတို့သတ်ဖြတ်ထားသော အိုဒစ်စီးယပ်စ် အိမ်တော်ပိုင် နွား၏ကိုယ်မှ သားရေကို အခင်းလုပ်ကာ ထိုင်လျက် အခြားသူများနှင့်အတူ မိုက်ရိုင်းရမ်းကားစွာ ပျော်ပါး ဆော့ကစားလျက်ရှိနေ၏။ သူတို့၏ ခြွေရံသင်းပင်းများနှင့် အလုပ်အကျ...
- Get link
- X
- Other Apps

The Odyssey by Homer ဩဒစ္ဆေ မော်ကွန်း (စကားပြေ) သက်ပိုင် (မြန်မာပြန်သည်) ကဗျာ အတွဲ (၁) လင်္ကာပိုဒ် (၁) မှ (၂၁) ဩဒစ္ဆေ လင်္ကာ ဖွင့်တော်မူခန်း အို...မှတ်ဉာဏ်အရာ၌ စံထားရတော်မူသော အသင် နတ်သမီး မျု့စ် (၁) ။ ထရွိုင် (၂) မြို့တော် ခံတပ်ကြီးအား စိတ်လိုလက်ရ ဖျက်ဆီးခဲ့ပြီးလျှင် ပင်လယ်ပြင်တခွင် နှံ့စပ်စွာ ခရီးဆန့်ခဲ့သော လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည်စုံလှသည့် ထိုယောက်ျားဘသား အကြောင်း ကျွန်ုပ်အား တေးသီလှည့်ပါလော့။ ဌာနေများစွာသို့ ခရီးဆန့်ခဲ့ကာ အဖုံဖုံသော နည်းလမ်းအသွယ်သွယ်ကို လေ့လာလိုက်စားခဲ့သော အကြင်ယောက်ျားသည် သူ၏ မိတ်ဆွေများကို ပင်လယ်ခရီးမှ မွေးရပ်ဌာနီ ပြန်ရောက်နိုင်ရန် ကယ်ဆယ်ဖို့ရာ ကြိုးစားခဲ့၏။ သို့သော် ထိုမိတ်ဆွေတို့မှာကား နေနတ်ဘုရား ဟီလီယို့စ် (၃) ၏ ၀တ္တကမြေမှ နွားလားဥဿဘ တို့အား ဉာဏ်ပညာကင်းမဲ့စွာ ဖမ်းဆီး စားသောက်ခဲ့သောကြောင့် နတ်ဘုရားတို့၏အမျက်သင့်ခံခဲ့ရသည်မှာ အမှန်ပင် ဖြစ်ပေသည်။ နတ်ဘုရားတို့၏ အရှင်သခင် ဇုစ် (၄) နတ်မင်း ၏ သမီးတော်ခင်ဗျား....ကျွန်ုပ်တို့အား သင်၏ ရွှေဉာဏ်တော် စိတ်ဆန္ဒရှိသည့်အတိုင်း မိန့်ကြားတော်မူပါလေ။ ထရိုဂျန် စစ်ပွဲဒဏ်မှ အသက်အန္တရာယ် ကင်းလွတ်ခ...
- Get link
- X
- Other Apps

ဒေါ်တင် ဒေါ်တင် တစ်ယောက် နေပူထဲမှ အူလျားဖားလျား ပြန်လာလေသည်။ နေပူကြီးမို့ ခြေထောက်လည်းရေမဆေးရဲ။ လူကလည်း အသက်က ၅၅ နှစ်ထဲ ရောက်နေပြီမို့ အရင်ကလို သွက်သွက်လက်လက်မဟုတ်တော့ပေ။ ဒီတော့ အိမ်ထဲမ၀င်ခင် အိမ်ရှေ့က ကုက္ကိုပင်အောက် တစ်ထောက်နားရလေသည်။ ကုက္ကိုပင်အောက်မှာက လှစိန်တို့ အေးမြတို့က ကြို၍ရောက်နှင့်နေတတ်သည်။ ပြောမဲ့သာပြောတာ သူတို့ က လင်လုပ်စား အေးဆေး ထိုင်စားရင်း နေ့လည်ဘက်ဆို ကုက္ကိုပင်အောက် ချဲစုတွက်ကြ၊ အတင်းထိုင်တုပ်ကြနှင့် သာရှိကြလေသည်။ အခုလည်း စာရွက်တစ်ရွက်ကို ခဲတံတံတွေးဆွတ်လို့ အေးမြတစ်ယောက် တွက်ချက်နေသည်ကို ဒေါ်တင် ခပ်လှမ်လှမ်းက ြမင်လိုက်ရသေးသည်။ " ကဲ၊ ကောင်မတွေ၊ ဒီနေ့ရော ဘာကောင်းသတဲ့တုံး။..... " ခရီးမရောက်မဆိုက် ဒေါ်တင်က မေးလေသည်။ " ဘာမှမထူးပေါင်အစ်မရယ်၊ ကျွန်မဖြင့် ခွန်ပူး(၇၇) ကို သုံးရက်မွေးထိုးနေတာ တစ်ရက်မှမပေါက်လို့ ယောက်ျားကတောင် မျက်စောင်းထိုးနေပါရောလား။......" ဟု အေးမြက သွက်သွက်လက်လက် ပြန်ဖြေသည်။ အေးမြက မောင်မျိုးဆွေနဲ့ အိမ်ထောင်ကျမှ ဒီလို စည်းစိမ်ယူကာ ချဲတွက်နိုင်ခြင်းဖြစ်သည်။ မောင်မျိုးဆွေနဲ့ မညားခင်တုန်းကတော့ အေးမြတစ်ယောက် အရွက်စုံ ခေါင်းရွ...