Posts

Showing posts from March, 2026

စာအုပ်မိတ်ဆက် ၆

Image
  ၂၀၂၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ကံကောင်းခြင်းမိတ်ဆွေ စာအုပ်ဟာ မူရင်း Skellig by David Almond ကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်ထုတ် ဆုရ ကလေးဝတ္ထုဟာ Magical realism အမျိုးအစားဖြစ်ပါတယ်။ လဝန်းရိပ်စာပေကနေ မှာယူနိုင်ပါတယ်။ ဒါဟာ သက်ပိုင် (ဘာသာပြန်) ရဲ့ ၆ အုပ်မြောက် စာအုပ်ဖြစ်ပါတယ်။ ၁၀ နှစ်သားအရွယ် မိုက်ကယ်တို့ မိသားစု အိမ်အသစ်ကို ပြောင်းလာခဲ့တဲ့ အခန်းကနေ ဇာတ်လမ်းကို စထားပါတယ်။ အဖေက ပြောင်းလာတဲ့အိမ်ကို ပြန်ပြင်ဆင်တာနဲ့ အလုပ်များနေသလို အမေကလည်း နို့စို့အရွယ် မိုက်ကယ့်ညီမလေးက ချူချာတာမို့ ဆေးရုံမှာပဲ မျက်ခြေမပြတ် ကြည့်နေရတဲ့အတွက် မိုက်ကယ်ဟာ နေရာအသစ်မှာ တစ်‌ယောက်တည်း ပျင်းနေခဲ့ပါတော့တယ်။ ဒီလိုနဲ့ မိုက်ကယ်ဟာ အိမ်နီးနားချင်းဖြစ်တဲ့ မီနာဆိုတဲ့ ကောင်မလေးနဲ့ စပြီး သိကျွမ်းလာပါတော့တယ်။ မီနာက ထူးဆန်းတယ်။ မိုက်ကယ်နဲ့ သက်တူဖြစ်ပေမဲ့ မီနာက ကျောင်းမနေဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ မီနာက အိမ်မှာပဲ သူ့အမေက စာသင်ပေးတာကို သဘောကျတဲ့ သူမို့လို့ပါ။ မိုက်ကယ်တစ်ယောက် အိမ်ထဲမှာ ဆော့နေရင်း ဂိုဒေါင်ထဲမှာ လူလိုလို၊ ငှက်လိုလို သတ္တဝါကြီးတစ်ကောင်ကို တွေ့လိုက်ရပါတော့တယ်။ ဒီသတ္တဝါကြီးက ဘာလဲဆိုတာ သူမသိပေမဲ့ မိုက်ကယ်ကတ...

စာအုပ်မိတ်ဆက် ၅

Image
  "ကျွန်တော့်ကို ဘယ်သူမှ သတ်တာမဟုတ်ဘူး။ အမေကိုယ်တိုင်ပဲ သတ်လိုက်တာ...." ဆူဆိုက်ဒိုင်ယာရီ (ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသော လူငယ်တစ်ဦး၏ ဖွင့်ဟ ဝန်ခံချက်) ဟာ Leroy Aarons ရဲ့ Prayers for Bobby ကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ သားငယ်စာပေကနေ မှာယူနိုင်ပါတယ်။ ဒီစာအုပ်ဟာ သက်ပိုင် (ဘာသာပြန်) ရဲ့ ၇ အုပ်မြောက် စာအုပ်ပဲဖြစ်ပါတယ်။ ၁၉၇၀ နဲ့ ၈၀ ဝန်းကျင်က ဘော်ဘီ ဂရစ်ဖစ်သ် ဆိုတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပြီး ဘော်ဘီဟာ မိရိုးဖလာ ခရစ်ယာန်ဘာသာဝင် မိသားစုက ဆင်းသက်လာသူဖြစ်ပါတယ်။ သူဟာ Gay တစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ သူ့အမေဖြစ်သူ မေရီက ဘာသာရေးအယူအဆတွေနဲ့ ဘော်ဘီ့ ကို ပျောက်ကင်းအောင် ကုသဖို့ ကြိုးစားခဲ့ပါတယ်။ ဒီဖိအားတွေကြောင့်ပဲ နောက်ဆုံးမှာ ဘော်ဘီဟာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ စာအုပ်ရဲ့ အကြီးမားဆုံး အချက်ကတော့ "ဘာသာရေးအစွဲ" က လူတစ်ယောက်ရဲ့ မေတ္တာတရားကို ဘယ်လို မျက်ကွယ်ပြုစေသလဲဆိုတာကို ပြသွားတာပါ။ မေရီဟာ သူ့ရဲ့ သားကို ချစ်ပေမယ့် ဘာသာရေးကျမ်းစာတွေကို အဓိပ္ပာယ်ကောက်လွဲပြီး သားဖြစ်သူကို ငရဲသွားမယ့်သူလို့ သတ်မှတ်ခဲ့ပါတယ်။ စာအုပ်ထဲမှာ ဘော်ဘီရေးခဲ့တဲ့ ဒိုင...

စာအုပ်မိတ်ဆက် ၄

Image
  “အမေ့အိမ်က ငရဲခန်း” စာအုပ်ဟာ David Pelzer ‌‌ရေးသားတဲ့ A child called it ကို ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။ သားငယ် စာပေတိုက်ကနေ မှာယူနိုင်ပါတယ်။ ဒါဟာ သက်ပိုင် (ဘာသာပြန်) ရဲ့ ၈ အုပ်မြောက် စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ အဖြစ်မှန်ကို အခြေခံထားတဲ့ စာအုပ်ဖြစ်ပြီး ကလေးသူငယ် ညှင်းပန်းနှိပ်စက်ရေးနဲ့ ပတ်သက်တဲ့အကြောင်းဖြစ်တာမို့ အသက်မပြည့်သေးသူတွေ မဖတ်သင့်ကြောင်း ဆိုချင်ပါတယ်။ နောက်ပြီး စာအုပ်ဟာ စာရေးသူရဲ့ ဘဝအကြောင်း ဖြစ်ကာ ကယ်လီဖိုးနီးယားပြည်နယ်က အဆိုးရွားဆုံး ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၉၇၃ ခုနှစ် အမေရိက၊ ကယ်လီဖိုးနီးယားပြည်နယ်က မူလတန်းကျောင်းတစ်ခုမှာ တစ်နေ့တော့ ကျောင်းသူနာပြုဟာ အတန်းထဲမှာ စုတ်စုတ်ပြတ်ပြတ်နဲ့ နေတတ်တဲ့ ၁၂ နှစ်အရွယ် ကျောင်းသားလေး တစ်ယောက်ကို နှစ်ယောက်တည်း ခေါ်တွေ့ပြီး သူ့အင်္ကျီကို ချွတ်ပြဖို့ တောင်းဆိုလိုက်ပါတယ်။ ကျောင်းသားလေးဟာ အင်္ကျီကို ချွတ်ပြလိုက်တဲ့ အချိန်မှာတော့ သူနာပြုဆရာမလည်း အင်မတန် အံ့သြသွားပြီး ကျောင်းအုပ်ကြီးဆီကို ပြေးကာ သတင်းပို့ရတော့တဲ့အထိပါပဲ။ ဒီကျောင်းသားလေးဟာ ဒေးဗစ် ပဲလ်ဇာပဲဖြစ်ပါတယ်။ ဒေးဗစ်ဟာ ပဲလ်ဇာ မိသားစုရဲ့ ဒုတိယမြောက်သားဖြစ်ပ...

စာအုပ်မိတ်ဆက် ၃

Image
  “ခရစ္စမတ်မှာ လက်ဆောင်တောင် မရဘူးဆိုရင် ခရစ္စမတ်လို့တောင် ခေါ်နိုင်ပါ့မလားနော်” ဆိုတဲ့ ကလေးဆန်ဆန် စကားလုံးနဲ့ ဖွင့်လိုက်တဲ့ ဝတ္ထုဟာ အမေရိကန်လူမျိုး လူဝီဆာ မေ အယ်လ်ကော့ရဲ့ ကမ္ဘာကျော် ဂန္ထဝင်စာပေ သမီးရတနာ ဝတ္ထုပဲဖြစ်ပါတယ်။ ဒီစာအုပ်ဟာ လေးအုပ်တွဲဖြစ်ပြီး ပထမ နှစ်အုပ်ဖြစ်တဲ့ သမီးရတနာ (Little Women) နဲ့ မယားအလိမ္မာ (Good Wives) ကို ‘သမီးရတနာ’ လို့ပဲ ခေါင်းစဥ်ပေးပြီး စာရိပ်မြိုင်စာပေကနေ ထုတ်ဝေခဲ့ပါတယ်။ ကျန်သေးတဲ့ နှစ်တွဲဖြစ်တဲ့ Little Men နဲ့ Jo’s Boys တို့ကတော့ ဆက်လက် ဘာသာပြန်နေဆဲပါ။ သမီးရတနာ ဝတ္ထုဟာ သက်ပိုင် (ဘာသာပြန်) ရဲ့ ၉ အုပ်မြောက် စာအုပ်ပဲဖြစ်ပါတယ်။ သမီးရတနာ စာအုပ်ဟာ အမေရိကန်ပြည်တွင်းစစ်ကာလအတွင်းမှာ မာ့ချ်မိသားစုကလေး ဘယ်လို ဖြတ်သန်းခဲ့သလဲဆိုတဲ့အကြောင်းကို အမျိုးသမီး ဦးစားပေး ဇာတ်ကောင်တွေနဲ့ တင်ဆက်ထားတဲ့ ဂန္ထဝင်စာအုပ်ကြီး တစ်ခုဖြစ်သလို အမျိုးသမီးဝါဒကို ကောင်းကောင်းဖော်ပြထားတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ အမေရိကန်ပြည်တွင်းစစ် ဖြစ်ပွားခဲ့တဲ့ကာလမှာ အေးအေးချမ်းချမ်း နေထိုင်လာခဲ့တဲ့ မာ့ချ်မိသားစုက အဖေကြီး မာ့ချ်ဟာ စစ်ပွဲအတွင်းမှာ စစ်သည်တို့ကို ဘာသာရေးအရ စိတ်ဓါတ်မြှင့်တင်ရေးအတွက် ဘုန်းတော်က...

စာအုပ်မိတ်ဆက် ၂

Image
  "ရှင် ဒီတိပ်ခွေကို နားထောင်နေရပြီဆိုရင်... ရှင်ဟာ ကျွန်မကို သေစေခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ" ၂၀၂၃ မှာ ထွက်ရှိခဲ့တဲ့ နွမ်းလျငှက်ငယ် စာအုပ်ဟာ 13 Reasons Why by Jay Asher ကို ဘာသာပြန်ဆိုခဲ့တာ ဖြစ်ပါတယ်။ စာရိပ်မြိုင်စာပေတိုက်ကနေ မှာယူနိုင်ပါတယ်။ ဒါဟာ သက်ပိုင် (ဘာသာပြန်)ရဲ့ ၁၀ အုပ်မြောက်စာအုပ် ဖြစ်ပါတယ်။ Netflix series တွေထဲမှာ ထိပ်တန်းစာရင်းစွဲခဲ့တဲ့ လူငယ် ဒရမ်မာ စီးရီးဖြစ်ခဲ့ပြီး စာအုပ်ပါ အကြောင်းအရာ (ကိုယ့်ကိုယ်ကိုယ် Thayကြောင်းကြံစည်ခြင်း နှင့် Ah-Dammaပြုကျင့်ခံရခြင်း) တို့ကြောင့်လည်း နိုင်ငံတကာ ကျောင်းတွေမှာ ဘန်းခံခဲ့ရတဲ့ စာအုပ်ဖြစ်ပါတယ်။ မူရင်းစာအုပ်ကို ၂၀၀၇ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ ဇာတ်လမ်းဟာ ရိုးရှင်းမလိုနဲ့ ဆန်းပါတယ်။ ကလေး ဂျန်ဆန်ဆိုတဲ့ အထက်တန်း ကျောင်းသားတစ်ယောက်က တစ်နေ့တော့ ကျောင်းကနေ အိမ်ပြန်အရောက်မှာ အိမ်ကို ပါဆယ်တစ်ခုရောက်နေတာကို တွေ့လိုက်ရတယ်။ သူလည်း ပါဆယ်ဘူးကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ တိတ်ခွေ ၇ချပ်ကိုတွေ့ရပြီး တိပ်တစ်ချပ်ချင်းစီမှာ 1A, 1B, 2A,2B ဆိုတဲ့ အညွှန်းကို လက်သည်းနီနဲ့ ရေးထားတာ သူသတိထားမိလိုက်တယ်။ ဒီလိုနဲ့ သူ ခပ်ပေါ့ပေါ့ပဲ ထားပြီး အိမ်က ရေဒီယို ...