Posts

Showing posts from February, 2026

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

Image
  (Give away စာအုပ်လက်ဆောင် အစီအစဉ်) ၂၀၂၆ ခုနှစ်ရဲ့ မဖတ်မဖြစ် မှတ်တိုင်သစ် - "ဘာသာရေးနှင့် သိပ္ပံပညာ" ပူလစ်ဇာဆုရှင် Edward J. Larson နဲ့ ဒဿနပညာရှင် Michael Ruse တို့ရဲ့ ကမ္ဘာကျော်လက်ရာကို အခြေခံထားတဲ့ "ဘာသာရေးနှင့် သိပ္ပံပညာ" ဘာသာပြန် စာအုပ်သစ် ထွက်ရှိလာပါပြီ။ သိပ္ပံပညာက "ဘယ်လို" ဆိုတဲ့ အမေးကို ဖြေရှင်းပေးပြီး၊ ဘာသာရေးက "ဘာကြောင့်" ဆိုတဲ့ အဓိပ္ပာယ်ကို ရှာဖွေပေးပါတယ်။ ဒီနှစ်ခုကြားက ဟန်ချက်ညီမှုကို သိပါသလား။ စာအုပ်ထဲမှာ ဘာတွေ ဖတ်ရမလဲဆိုရင်တော့ • လူသားဖြစ်တည်မှုရဲ့ ပဟေဠိ - ဆင့်ကဲပြောင်းလဲဖြစ်စဉ် (Evolution) ရဲ့ အားသာချက်၊ အားနည်းချက်များ။ • မှောင်မိုက်သော သမိုင်း - နာဇီတို့ရဲ့ လူသားမျိုးဗီဇသန့်စင်ရေး လုပ်ရပ်များနှင့် ယနေ့တိုင် အံ့သြနေရဆဲ ဖြစ်ရပ်များ။ • ရှေးဟောင်းခြေရာများ - ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာမှု (Paleontology) ရဲ့ စိတ်ဝင်စားဖွယ် နောက်ခံသမိုင်း။ • ယုံကြည်မှုနဲ့ လူ့အဖွဲ့အစည်း - ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာ နဲ့ ဟိန္ဒူ စတဲ့ ဘာသာတရားတွေအောက်မှာ လူသားတွေ ဘယ်လို ရုန်းကန်ပြောင်းလဲလာခဲ့သလဲ။ "ဘာသာရေးမရှိဘဲ လူမှုအဖွဲ့အစည်း မဖြစ်တည်နိုင်သလို၊...

အစ္ဆရိယရကန်စကားပြေ ၂

Image
  လင်္ကာပိုဒ် ၁၀၀ မှ ၁၁၁   အီတလီပြည်အတွက် ကယ်တင်ရှင် " ထိုသားရဲမဟာ သတ္တဝါများစွာနှင့် မိတ်လိုက်ပေါင်းသင်းလေ့ရှိပြီး သူ့ကို နာကျင်စွာ သေဆုံးစေမည့် ' မုဆိုးခွေးအာဇာနည် ' ပေါ်ထွန်းမလာမချင်း နောင်တွင်လည်း ဆက်လက်၍ ကျူးလွန်နေဦးမှာ ဖြစ်တယ်။ ထိုအာဇာနည်ဟာ မြေယာနှင့် ဥစ္စာဓနအပေါ်   မှီခို တက်မက်သူမဟုတ်ဘဲ၊ ဉာဏ်ပညာ၊ မေတ္တာနှင့် သီလတရားတို့၌သာ မွေ့လျော်သူ ဖြစ်ပေလိမ့်မယ်။ သူ၏ ဇာတိမြေဟာ ဖဲလ်ထရိုမြို့နှစ်မြို့ကြား၌ ရှိလိမ့်မယ်။ သူဟာ ကာမီလာ၊ ယူရီယာလပ်စ် ၊ တာနပ်စ် နှင့် နီးဆပ်စ် တို့ အသက်ပေးသွားခဲ့ရသည့် အီတလီပြည်အောက်ပိုင်းဒေသအတွက် ကယ်တင်ရှင် ဖြစ်လာလတ္တံ့။ ထိုသူဟာ မနာလိုဝန်တိုခြင်းစိတ်မှ စေလွှတ်လိုက်သော ထိုဝံပုလွေမကို ငရဲပြည်သို့ ပြန်လည်ရောက်ရှိသည်အထိ မြို့တိုင်းစေ့ လိုက်လံမောင်းနှင်ပေလိမ့်မယ်"   လင်္ကာပိုဒ် ၁၁၂ မှ ၁၃၆ ငရဲပြည်ခရီးစဉ်၏ လမ်းပြ ဗာဂျယ်လ် " သို့ဖြစ်၍ ကျွန်ုပ်၏ အကြံအစည်အရ၊ သင် ကျွန်ုပ်နောက်သို့သာ လိုက်ခဲ့ပေလော့။ ကျွန်ုပ် သင့်အား လမ်းပြအဖြစ် ဤနေရာမှတဆင့် ထာဝရ တည်ရှိနေသော အရပ် (နိရယဘုံ) သို့ ခေါ်ဆောင်သွားပေမယ်။ ထိုအရပ်၌ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်ညည်းညူသံမျာ...

အစ္ဆရိယရကန် စကားပြေ ၁

Image
ဒန္တေအယ်လီဂီရယ်ရီ ရေးသားပြီး အန်သနီ အက်စ် ကလိုင်းမှ အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုသော အစ္ဆရိကရကန်ကဗျာအား စကားပြေအဖြစ် ပြန်လည် ပြန်ဆိုထားပါသည်။  အစ္ဆရိယရကန် စကားပြေ  နိရယဘုံ အခန်း (၁) လင်္ကာပိုဒ် ၁ မှ ၆၀   မှောင်မိုက်သော တောအုပ်နှင့် တောင်ကုန်း ကျွန်ုပ်တို့၏ ဘဝခရီးလမ်း တစ်ဝက်တစ်ပျက်တွင် လမ်းမှန်မသိ ပျောက်ဆုံးလျက်ရှိသော မှောင်မိုက်သည့် တောနက်ကြီးတစ်ခုအတွင်း၌ ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် တွေ့ရှိခဲ့ရလေ၏။ ထိုတောအုပ်သည် မည်မျှ ကြမ်းတမ်း ခက်ထန်ပြီး ထိုးဖောက်၍မရအောင် ထူထပ်လှသည်ကို ပြောဆို ရှင်းပြဖို့ရန်ပင် ခက်ခဲလှပေ၏။ ထိုအကြောင်းကို ပြန်လည် တွေးတောမိရုံမျှဖြင့် ကျွန်ုပ်၏ သန္တာန်တွင် ကြောက်စိတ်တို့သည် တစ်ဖန် ပြန်လည် ဖြစ်ပေါ်လာရ၏။ ၎င်းခံစားချက်သည်ကား သေခြင်းတရား၏ ခါးသီးမှုထက် လျော့ပါးလှမည် မဟုတ်ပါ။ သို့ရာတွင် ထိုနေရာ၌ ကျွန်ုပ် တွေ့ရှိခဲ့သော ကောင်းကျိုးအကြောင်းကို ပြောပြနိုင်ရန်အလို့ငှာ ကျွန်ုပ် မြင်တွေ့ခဲ့ရသည့် အခြားသော အခြင်းအရာများ အကြောင်းကိုလည်း ဦးစွာ ပြောပြရပေဦးမည်။ ထိုတောအုပ်ထဲသို့ ကျွန်ုပ် မည်သို့မည်ပုံ ဝင်ရောက်ခဲ့သည်ကို တိတိပပ မပြောနိုင်ပါ။ လမ်းမှန်ကို ကျွန်ုပ် စွန့...

သြဒစ္ဆေ မော်ကွန်း စကားပြေ ၄

  လင်္ကာပိုဒ် (၃၆၅) မှ (၄၂၀) တယ်လစ်မက္ကပ်စ်မှ ကြင်ယာလောင်းလျာများအား စကားဆိုခန်း   သို့သော် မှောင်ရိပ်ကြီးစိုးလျက်ရှိသော ခန်းမဆောင်အတွင်းမှာကား ကြင်ယာလောင်းလျာများတို့သည် ဖီနယ်လိုပီအား လက်ဆက်ယူနိုင်ရန် ကြွားဝါလျက် ရှိကြကုန်၏။ ထိုအခါ အမြော်အမြင်ရှိသော တယ်လစ်မက္ကပ်စ်က စတင်၍ စကားဆိုလေသည်။ " ကျွန်ုပ်၏မိခင်အား လက်ဆက်လိုကြသော ကြင်ယာလောင်းလျာ အမျိုးကောင်းသားများတို့.... ယခုတော့ဖြင့် နတ်ဘုရားလို သံသာလှတဲ့ ဤသီချင်းသည်ရဲ့ တေးဂီတကို အနှောင့်အယှက်ကင်းကင်းနှင့် နားဆင်ကာ ပျော်ပွဲရွှင်ပွဲကို ဆက်လက်ကျင်းပကြရအောင်ပါ။ မနက်ဖြန် မနက်ခင်း ရောက်လျှင်ဖြင့် သင်တို့အား ဤစံအိမ်တော်ကြီးမှ ထွက်ခွာဖို့ရာ ကျွန်ုပ်ရဲ့ ကြေညာချက်ကို ကြားနာကြရန် သင်တို့အားလုံး စုဝေးကြပါလေ။ သင်တို့ရဲ့ ကိုယ်ပိုင်ရိက္ခာနှင့်အတူ ဤစံအိမ်တော်မှ ထွက်ခွာကာ လိုရာအရပ်တွင် ပျော်ရွှင်စွာ စားသောက်ကြပါ။ အိမ်ရှင်တစ်ဦးရဲ့ ပိုင်ဆိုင်မှုကို ပြန်လည် ပေးလျော်ဖို့ စိတ်ကူးမရှိဘဲ သုံးဖြုန်းပစ်တာက သင်တို့အတွက် အကျိုးအမြတ်လို့ ယူဆလျှင်ဖြင့် သင်တို့ ဆန္ဒရှိသလို ပြုကြပါ။ ဒါပေမဲ့ ကျွန်ုပ်ကတော့ သင်တို့ရဲ့ လုပ်ရပ်ကို ဇုစ်နတ်မင်းကြီးဆီ တိုင်တည်ပြီး ...

သြဒစ္ဆေ မော်ကွန်း စကားပြေ ၃

  လင်္ကာပိုဒ် (၂၅၂) မှ (၃၀၅) အက်သီနာ မှ တယ်လစ်မက္ကပ်စ်အား ဖခင်၏သတင်း ရှာဖွေရန် ခိုင်းစေခန်း   အကြောင်းစုံကို သိရသောအခါ အမျက်ဒေါသထွက်လာသော အက်သီနာ နတ်သမီးက သူ့အား ဤသို့ဆိုပြန်သည်။ " ထိုသို့ဆိုလျှင် သင်ဟာ အရှက်တရားကင်းမဲ့လှတဲ့ ကြင်ယာလောင်းလျာများကို နှင်ထုတ်နိုင်ရန်အတွက် အိုဒစ်စီးယပ်စ်ကို ကျိန်းသေပေါက် လိုအပ်နေပြီ ဖြစ်‌ပေတယ်။ အက်ဖစ်ယာဒေသက မားမရပ်စ်ရဲ့ သား‌တော် အီလပ်စ်ဆီကနေ အစ်သက္ကပြည်သို့အပြန်ခရီးမှာ ကျုပ်အိမ်တော်တွင် ခရီးတထောက်နားပြီး ပျော်ပျော်ရွှင်ရွှင် ယမကာသောက်သုံးခဲ့ဖူးတဲ့ သံခေါင်းစွပ်၊ ဒိုင်း နှင့် အမွှာလှံတံကိုင်ဆောင်ထားသော သူရဲကောင်း အိုဒစ်စီးယပ်စ်ကို ယခုပင်လျှင် နန်းတော်တံခါး‌၀ရှေ့ ငွားငွားစွင့်စွပ် ရပ်နေတာကို ကျုပ် မြင်ချင်မိစမ်းပါဘိ။ အိုဒစ်စီးယပ်စ်ဟာ သူရဲ့ ကြေးချွန်တပ် မြားထိပ်မှာ သုတ်လိမ်းဖို့ အဆိပ်တောင်းခံဖို့အတွက် ထိုဒေသသို့ လျင်မြန်လှတဲ့ ရေယာဉ်စီးပြီး သွားခဲ့တာ ဖြစ်ပေတယ်။ အီလပ်စ်က သူ့ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ပေမယ့်လည်း အိုဒစ်စီးယပ်စ်ကို ချစ်ခင်တဲ့ ကျုပ်ဖခင်ကတော့ဖြင့် သူ့ဆန္ဒအတိုင်း လိုက်လျောခဲ့ပါတယ်လေ။ ယခု ကျုပ်ပြောသော စကားများထဲမှ အိုဒစ်စီးယပ်စ်...