Posts

Showing posts from October, 2025

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

Image
  (Give away စာအုပ်လက်ဆောင် အစီအစဉ်) ၂၀၂၆ ခုနှစ်ရဲ့ မဖတ်မဖြစ် မှတ်တိုင်သစ် - "ဘာသာရေးနှင့် သိပ္ပံပညာ" ပူလစ်ဇာဆုရှင် Edward J. Larson နဲ့ ဒဿနပညာရှင် Michael Ruse တို့ရဲ့ ကမ္ဘာကျော်လက်ရာကို အခြေခံထားတဲ့ "ဘာသာရေးနှင့် သိပ္ပံပညာ" ဘာသာပြန် စာအုပ်သစ် ထွက်ရှိလာပါပြီ။ သိပ္ပံပညာက "ဘယ်လို" ဆိုတဲ့ အမေးကို ဖြေရှင်းပေးပြီး၊ ဘာသာရေးက "ဘာကြောင့်" ဆိုတဲ့ အဓိပ္ပာယ်ကို ရှာဖွေပေးပါတယ်။ ဒီနှစ်ခုကြားက ဟန်ချက်ညီမှုကို သိပါသလား။ စာအုပ်ထဲမှာ ဘာတွေ ဖတ်ရမလဲဆိုရင်တော့ • လူသားဖြစ်တည်မှုရဲ့ ပဟေဠိ - ဆင့်ကဲပြောင်းလဲဖြစ်စဉ် (Evolution) ရဲ့ အားသာချက်၊ အားနည်းချက်များ။ • မှောင်မိုက်သော သမိုင်း - နာဇီတို့ရဲ့ လူသားမျိုးဗီဇသန့်စင်ရေး လုပ်ရပ်များနှင့် ယနေ့တိုင် အံ့သြနေရဆဲ ဖြစ်ရပ်များ။ • ရှေးဟောင်းခြေရာများ - ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာမှု (Paleontology) ရဲ့ စိတ်ဝင်စားဖွယ် နောက်ခံသမိုင်း။ • ယုံကြည်မှုနဲ့ လူ့အဖွဲ့အစည်း - ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာ နဲ့ ဟိန္ဒူ စတဲ့ ဘာသာတရားတွေအောက်မှာ လူသားတွေ ဘယ်လို ရုန်းကန်ပြောင်းလဲလာခဲ့သလဲ။ "ဘာသာရေးမရှိဘဲ လူမှုအဖွဲ့အစည်း မဖြစ်တည်နိုင်သလို၊...

The Lost Luggage 3a

Image
အခန်း (၃) (က) ည ၁၁ နာရီကျော်လာပြီဖြစ်သဖြင့် ညစောင့် အဂ္ဂသည် အသင့်ဖျော် ကော်ဖီတစ်ခွက်ကို ‌ရေနည်းနည်းဖြင့်ဖျော်ကာ တစ်ကျိုက်တည်း မော့ချလိုက်သည်။ သူ ဒီအဆောက်အဦးမှာ ညစောင့်လုပ်နေသည်မှာ ၆ လပင်ကျော်လာပြီ ဖြစ်သော်လည်း အဆောက်အဦးအတွင်းတွင် မည်သည့်လုပ်ငန်းလုပ်ကိုင်ကြကြောင်း သူမသိ။ သူ့တာဝန် မဟုတ်တာကြောင့်လည်း ပါမည်။ သူ့တာဝန်က ညနေ ၆ နာရီအရောက် အလုပ်ကိုရောက်အောင်လာပြီး နေ့ဆိုင်း ဦးလေးကြီးနှင့် လူစားလဲကာ ညပိုင်းအတွက် ညစောင့် တာဝန်ယူရန်ဖြစ်သည်။ ပြန်တွေးကြည့်လျှင် သူ့ကို အလုပ်ပေးသည်မှာလည်း ထို နေ့ဆိုင်းတာဝန်ယူသော လုံခြုံရေးတာဝန်ခံ ဦးမျိုးသာလျှင်ဖြစ်သည်။ ဦးမျိုးက အသက်အရွယ်ကလည်း ရလာသဖြင့် ညရေးညတာ တာဝန်မယူနိုင်တော့သောကြောင့်သာ အဂ္ဂကို ငှားခဲ့ခြင်း ဖြစ်မည်ဟု သူထင်သည်။ ထို့ပြင် တစ်ပတ်တစ်ခါ ရှင်းသည့် လစာကိုလည်း ဦးမျိုးကသာ သူ့ကို ရှင်းပေးတတ်သည် မဟုတ်ပါလား။ ထို့ကြောင့် အဂ္ဂလည်း တစ်စုံတရာ အထွန့်တက်ကာ မေးမြန်းမနေတော့ဘဲ သူ့တာဝန်ကိုသာ ကျေပြွန်အောင် ထမ်းဆောင်ခဲ့လေသည်။ အဆောက်အဦးကြီးနှင့် အဂ္ဂ၏ လုံခြုံရေးတဲက အတော်လေး လှမ်းသဖြင့် အဆောက်အဦး တစ်ခုလုံး၏ ပုံသဏ္ဌာန်ကိုကောင်းကောင်းမြင်နိုင်သည်။ ထိုအဆောက်အဦးကြီး...

The Lost Luggage 2b

အခန်း (၂) (ခ) ‘အဓိပ္ပါယ်ဆိုသည့် စကားလုံးကို ဘယ်လို အဓိပ္ပါယ်ဖွင့်ကြသလဲ’ ဟု သီတာတင့်ကတွေးသည်။ လွန်ခဲ့သည် တစ်နာရီအတွင်း ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များအားလုံးသည် ထိုစကားလုံး၏ ဆန့်ကျင်ဘက်ချည်းသာ။ နာဆာဗီးဂတ်ဟိုတယ်ကိုရောက်ရန် ရန်ခမန်ဘူတာမှ ၃မိနစ်ခန့်သာ လမ်းလျှောက်ရသည်။ ဘူတာအပေါ်ဆုံးထပ်မှဆင်းကာ ပထမထပ်သို့ရောက်လျှင် ရထားလက်မှတ်အဖြစ်ပေးထားသည့် ကော်ပြားကလေးကို ဂိတ်ပေါက်ဝတွင်ထည့်ပြီး သီတာတင့်က ဘူတာအပြင်သို့ထွက်လိုက်သည်။ ထို့နောက် ဘူတာနှင့်ဆက်စပ်ထားသော လမ်းကြောင်းမှတဆင့် လက်သည်းအလှပြင်ဆိုင်ခန်းများ၊ ရုံးခန်းများရှေ့မှဖြတ်ကာ နာဆာဗီးဂတ်ဟိုတယ်ဘက်သို့ သီတာတင့် လမ်းလျှောက်သည်။ နာဆာဗီးဂတ်ဟိုတယ်နှင့် ရန်ခမန်ဘူတာက ကားလမ်းမ၏ ဘယ်ညာတွင်အသီးသီးတည်ရှိကြသော်လည်း ဘူတာ ပထမထပ်မှတဆင့် အောက်မြေညီထပ်သို့ဆင်းစရာမလိုဘဲ တန်းသွားနိုင်သဖြင့် ခရီးသွားဧည့်သည်များအတွက် အတော်လေး အဆင်ပြေသည်။ နာဆာဗီးဂတ်ဟိုတယ်ရှေ့ရှိ ဟိန္ဒူဘုရား ဦးခေါင်း‌လေးလုံးနှင့် ဗြဟ္မာကြီး၏ အသွင်ကလည်း ကြည်ညိုစရာ ခန့်ခန့်ထည်ထည်နှင့်ပင်။ အရပ်လေးမျက်နှာကို စောင့်ရှောက်နေပုံရသော ဗြဟ္မာကြီး၏ မျက်နှာတော်ကိုကြည့်ပြီး သီတာတင့်စိတ်ထဲ အတန်ငယ်မျှ အေးချမ်းသွားရသည်။ ဟို...